အာရှ လမ်းမကြီးနား တိုက်ပွဲဖြစ်ဆဲလို့ ဆို

  • 12 ဇူလိုင် 2015
dkba
Image caption အာရှလမ်းမကြီးနား တိုက်ပွဲတွေ ဖြစ်နေလို့ဆို

မြဝတီ ကော့ကရိတ် အာရှ အဝေးပြေး လမ်းသစ်နဲ့ လမ်းဟောင်း ကို အစိုးရက ထိန်းချုပ်နိုင်ပြီလို့ ကြေညာ ခဲ့ပေမယ့် ဒီနယ်မြေမှာ ဆက်ပြီး တနင်္ဂနွေ နေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ် နေပါတယ်။

အာရှ လမ်းမကြီးနဲ့ တမိုင်ကျော်လောက် ဝေးတဲ့ ဒီကေဘီအေ ကလော့ထူးဝါး အခြေစိုက် စခန်းနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ လို့ ဒီကေဘီအေ က တပ်မှူး တယောက်က ဘီဘီစီ ကိုပြောပါတယ်။

ဒီကေဘီအေ နဲ့ အစိုးရ ကြား တိုက်ပွဲတွေ ဖြစ်နေတာ ဆယ်ရက်လောက် ရှိသွားပါပြီ။

အစိုးရ တပ်တွေနဲ့ အတူ ဘီဂျီအက်ဖ် လို့ ခေါ်တဲ့ နယ်ခြားစောင့် တပ် တတပ်ဖြစ်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့ တခု ကလည်း ပူးပေါင်းပြီး ဒီကေဘီအေ ကို တိုက်ခိုက် နေပါတယ်။

အပစ်ရပ်ရေး အတွက် အထက် အဆင့်မှာ ညှိနှိုင်း နေဆဲ ဖြစ်ပြီး တိုက်ပွဲ ဆက်ဖြစ်နေရင် ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်တယ် လို့ ဒီကေဘီအေ ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်သက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ