မောင်တောမှာ တုတ်ဓားတွေ လာအပ်ရမယ် ကြေညာနေ

  • 12 ဇူလိုင် 2015
maungtaw_rakhine_rohingya ဓာတ်ပုံ မူပိုင် bbc
Image caption မောင်တော မှာ ညမထွက်ရ အမိန့်လည်း ရှိနေဆဲ။

ရခိုင်ပြည်နယ် မောင်တောမြို့ ပေါ် မှာ တုတ် ဓား လက်နက် ရှိသူ တွေ ၇ ရက် အတွင်း လာရောက် အပ်နှံ ရမယ်၊ ပျက် ကွက် သူတွေ ကို အရေးယူ မယ် ဆိုပြီး အာဏာပိုင် တွေ က အသံချဲ့ စက် တွေ နဲ့ လိုက်လံ ကြေညာ ခဲ့ ပါတယ်။

မောင်တော ခရိုင် ရဲ မှုး ကြီး ဦးရွှေသန်း က တော့ ဒါဟာ တတိုင်းပြည် လုံး မှာ လိုက်နာ ဖို့ ပြည်ထဲ ရေး ဝန်ကြီး ဌာန က နေ လတ်တလော ထုတ် ပြန် ထား တဲ့ အမိန့် ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် ရခိုင် ပြည်နယ် ထဲ က တခြား မြို့နယ် တွေ မှာတော့ အသံချဲ့ စက် သုံး ကြေညာ တာမျိုး မရှိတဲ့ အတွက် မောင်တော မှာ ဘာ တွေ ပိုပြီး အခြေ အနေ ထူး ခြား နေသလဲ ဆိုပြီး ဒေသခံ တွေ ကြား သို့လော သို့လော ဖြစ် နေ ကြပါတယ်။

ရခိုင် ပြည်နယ် တွင်း လူမျိုးရေး နဲ့ ဘာသာရေး ကို အခြေခံ တဲ့ အဓိကရုဏ်း တွေ နောက် ပိုင်း ကတည်း က အပြည့်အဝ တည်ငြိမ် တဲ့ အဆင့် ကို မရောက် သေး တဲ့ အတွက် ည မထွက်ရ အမိန့် လည်း ဆက်လက် တည် ရှိ နေဆဲ ဖြစ် ပါတယ်။

အမည် မဖော် လိုတဲ့ ဒေသ အာဏာပိုင် တစ်ဦး အပြောအရ တော့ မောင်တော မြို့ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ် ဘက် ကနေ ပြီး ခဲ့တဲ့ ရက် ပိုင်း အတွင်း လက်နက် ကိုင် အဖွဲ့ တစ်ခု ဝင်ရောက် လာခဲ့တယ် ဆိုတဲ့ သတင်း ကြောင့် နယ်စပ် တလျှောက် က မြန်မာ လုံခြုံရေး တပ် ဖွဲ့ တွေ ကို တပ်လှန့် ထားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖက် နိုင်ငံ ဘက်ခြမ်း ကနေ တကယ်ပဲ ဝင်ရောက် ခဲ့လား ဆိုတာ ကိုတော့ အတည် မပြု နိုင် သေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ