အနာဂတ်နိုင်ငံရေးမှာ ဦးသိန်းစိန် တကယ်ပဲ မပါ၀င်တော့ဘူးလား

  • 13 ဇူလိုင် 2015
_u_thein_sein_
Image caption ကျန်းမာရေး အခြေအနေ အရ ဝင်ရောက် ယှဉ်ပြိုင် တော့ မှာ မဟုတ် တော့ ဘူး လို့ သူရ ဦးရွှေမန်း ဆီကို သမ္မတ ဦးသိန်းစိန် ကနေ စာရေး သား ပေးပို့။

လက်ရှိ သမ္မတ ဦးသိန်းစိန် ဟာ ၂၀၁၅ ရွေးကောက်ပွဲ မှာ ဝင် မပြိုင် တော့ ဘူး လို့ ထုတ်ပြန် လာခဲ့တဲ့ နောက် သူ့ အနေနဲ့ အနာဂတ် နိုင်ငံ ရေး မှာ ပါဝင် ပတ် သက် မှု တကယ် ရှိ မှာ မဟုတ် တော့ ဘူး လား ဆိုတဲ့ မေးခွန်း ဟာ မြန်မာ့ နိုင်ငံရေး ကို စိတ်ဝင် စား ကြသူ တွေ၊ သုံးသပ် လေ့လာ ကြ သူတွေ ကြားထဲ ပေါ်ထွက် လာ ပါတယ်။

ကျန်းမာရေး အခြေအနေ အရ ဝင်ရောက် ယှဉ်ပြိုင် တော့ မှာ မဟုတ် တော့ ဘူး လို့ ပြည်ထောင်စု ကြံ့ခိုင် ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌ ဖြစ်တဲ့ သူရ ဦးရွှေမန်း ဆီကို သမ္မတ ဦးသိန်းစိန် ကနေ ဇူလိုင် ၁၃ ရက်နေ့ က စာရေး သား ပေးပို့ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ စာ အကြောင်း ပေါ်ထွက် မလာခင် ကတည်းက ကြံ့ခိုင်ရေး ပါတီ က နေ ထုတ်ပြန် လိုက်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်း စာရင်းထဲ မှာ ဦးသိန်းစိန် နာမည် မပါဝင် နေတာဟာ သတိ ထားမိ စရာ ဖြစ်စေ ခဲ့ ပါတယ်။

တရားလွှတ် တော် ရှေ့နေ ကြီး ဦးရောဘတ်စန်းအောင် ကတော့ လက်ရှိ အာဏာ ရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ထဲ မှာ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နဲ့ သမ္မတ ဦးသိန်းစိန် ကြား အာဏာ လွန်ဆွဲ ပြီး ကွဲပြား မှု တွေ ရှိနေတယ် ဆိုတဲ့ သုံးသပ် မှု တွေ ကို ငြင်းပယ် လိုက် ပြီး သူတို့ အားလုံး ဟာ ရာထူး ကနေ အငြိမ်းစား ယူသွား ပြီ ဖြစ်တဲ့ ဗိုလ်ချုပ် မှုးကြီး ဟောင်း ဦးသန်းရွှေ ရဲ့ စီမံ ညွှန် ကြား မှု အောက် မှာ ရှိနေတုန်း ပဲ ဆိုပြီး ဘီဘီစီ ကို ပြောပါတယ်။

ဦးသိန်းစိန် အနေနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရဲ့ ကိုယ်စား လှယ် လောင်း အနေနဲ့ ရွေးကောက်ပွဲ မဝင် ရင်လည်း လွှတ်တော် ထဲ က တပ်မတော်သား ကိုယ်စားလှယ် တွေ က အဆိုပြု တင်သွင်း တဲ့ သမ္မတ လောင်း ဖြစ် လာ နိုင် ဖို့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဖြစ် နိုင် တုန်း ပဲ လို့ လည်း ဦးရောဘတ်စန်းအောင် က ဆို ပါတယ်။

အစိုးရ၊ လွှတ်တော်၊ ပါတီ နဲ့ တပ်မတော် ဆိုတာ တသွေး၊ တသံ၊ တမိန့်အောက် ရှိနေဆဲ ဖြစ်တယ် လို့ ဦးသန်းရွှေ ကို ရည်ညွှန်းပြီး ဦးရောဘတ်စန်းအောင် က ပြောသလို၊ မြန်မာ့ အရေး ဝေဖန် သူ တော်တော် များများ ကလည်း ဦးသန်းရွှေ ဆိုတဲ့ နာမည် ကို အသုံး မပြု ကြ ပေမယ့် မြန်မာ ပြည် မှာ တကယ့် အာဏာစက် ဟာ ကာလုံ လို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ က ချုပ်ကိုင် ထားတာ ဆိုပြီး အစဉ်တစိုက် ဝေဖန် သုံးသပ် ခဲ့ ကြ ပါတယ်။

အဲဒီ့ ကာလုံ ဟာ အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် ခေါင်းဆောင် တွေ နဲ့ ပဲ အဓိက ဖွဲ့စည်း ထားတာ ဖြစ် ပါတယ်။

လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို လည်း တာဝန် က အနား ယူစေပြီး သမ္မတ လောင်း တစ်ဦး အဖြစ် လျာ ထား လာ နိုင်တာ မျိုး လည်း ဖြစ်လာနိုင် တယ် လို့ ဦးရောဘတ်စန်းအောင် က သုံးသပ် ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ