ရခိုင်ဖမ်းမိတဲ့ မြန်မာ တပ်သား နှစ်ဦးကို လွှဲပေး

  • 14 ဇူလိုင် 2015
arakan_army ဓာတ်ပုံ မူပိုင် arakan state
Image caption ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သား ခင်ဇော်လတ် တို့ကို လွှဲပေး

ရက္ခိုင့် တပ်မတော် က ဖမ်းမိထားတဲ့ မြန်မာ တပ်မတော် က တပ်သား နှစ်ဦးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် မှာ အင်္ဂါနေ့က လွှဲပေးလိုက်တယ် လို့ သိရပါတယ်။

မတ် လ နောက်ဆုံး ပတ်က မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်က တပ်မတော် စခန်း တခုကို ရက္ခိုင့် တပ်မတော် ဝင်တိုက်ရာမှာ ဖမ်းမိ သွားခဲ့တဲ့ ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သား ခင်ဇော်လတ် တို့ကို လွှဲပြောင်း ပေးအပ် လိုက်ပါတယ်။

သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ က ဘင်ဒရိုဘင် မြို့မှာ လွှဲပေးလိုက်တယ်လို့ ကြားဝင် ဆောင်ရွက် ပေးနေတဲ့ ဦးရန်နိုင်စိုး က ပြောပါတယ်။

ICRC အနေနဲ့ သူတို့ မြန်မာ နိုင်ငံကို ပြန်သွားလိုရင် ပြန်ပို့မှာ ဖြစ်ပြီး မပြန်လိုရင် တော့ တခြားနိုင်ငံ တခုကို ပို့မယ် လို့ ဆိုပါတယ်။

ရက္ခိုင့် တပ်မတော် အနေနဲ့ တိုက်ပွဲ အတွင်း ဖမ်းမိသူ တွေကို ပြစ်ဒဏ်ပေးဖို့ မူမရှိသလို တခြား နိုင်ငံကို ပို့ဖို့ မူ လဲ မရှိတဲ့အတွက် အိုင်စီ အာရ်စီ ကို လွှဲပေးတယ်လို့ ရခိုင်တပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။

သူတို့ကို မြန်မာ- နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထဲကို ခေါ်ယူလာပြီး အိုင်စီ အာရ်စီ လက်ကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

အိုင်စီအာရ်စီ ကနေ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အစောင့်အရှောက် နဲ့ သူတို့ နှစ်ဦး ကို ဒက္ကားမြို့ကို ယူဆောင် သွားတယ် လို့ သိရပါတယ်။

ဒီနှစ် မတ်လနဲ့ ဧပြီလ အတွင်းက မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် အကြား မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ကျောက်တော မြို့နယ်နဲ့ ပလက်ဝ မြို့နယ် အတွင်း တိုက်ပွဲ ဆယ်ကြိမ် ကျော်ခန့် ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ပွဲတွေ အတွင်း ရက္ခိုင့် တပ်မတော် ဘက်ကလည်း တပ်သား တဆယ်ကျော်နဲ့ လက်နက် ခဲယမ်း မီးကျောက် အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ဘက်က သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ