NLD ထိပ်တန်း အမတ်တချို့ ပြန် ရွေးကောက်ခံမှာ မဟုတ်တော့

  • 15 ဇူလိုင် 2015
u_win_htein_nld
Image caption လက်ရှိ NLD အမတ် ဦးဝင်းထိန်၊ ဦးအုန်းကြိုင် နဲ့ ဦးအောင်စိုးမြင့် တို့ ဟာ ကျန်းမာရေး အခြေ အနေ ကြောင့် ရွေးကောက်ပွဲ ဝင် တော့ မှာ မဟုတ်။

အတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ လက်ရှိ ပြည်သူ့ လွှတ်တော် အမတ် တွေ ထဲ က ၃ ဦး ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြန်လည် အရွေး ခံ မှာ မဟုတ် တော့ ဆိုပြီး NLD ပါတီ ခေါင်းဆောင် တစ်ဦး က ပြောပါတယ်။

ပါတီ ဗဟို ကော်မတီ ဝင် တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် က သူ အပါအဝင် ဦးအုန်းကြိုင် နဲ့ ဦးအောင်စိုးမြင့် တို့ ဟာ ကျန်းမာရေး အခြေ အနေ ကြောင့် ရွေးကောက်ပွဲ ဝင် တော့ မှာ မဟုတ် ပဲ ပါတီ တာဝန် တွေ ကို သာ လုပ်ဆောင် သွား မယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က သူ့ အနေနဲ့ သမ္မတ လောင်း မဖြစ် နိုင်ရင် ပါတီဝင် ထဲ က တစ်ဦးဦး ကို ပဲ သမ္မတ လောင်း အမည် တင် မယ် လို့ ပြောခဲ့တဲ့ နောက် နိုင်ငံရေး အကဲခတ် တွေ က တပ်မတော် အရာရှိ ဟောင်း တစ်ဦး ဖြစ်တဲ့ ဦးဝင်းထိန် ကို NLD က လျာထား နိုင် တဲ့ သမ္မတ လောင်း ဖြစ် နိုင်ခြေ ရှိသူ တွေ ထဲ ထည့်သွင်း စဉ်းစား မှု တွေ ရှိပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထား သူ သား တစ်ဦး ရှိတဲ့ ဦးဝင်းထိန် အနေနဲ့ လည်း သမ္မတ လောင်း ဖြစ်ဖို့ ဖွဲ့စည်း ပုံ နဲ့ ငြိစွန်း နေ တယ် လို့ နေပြည်တော် ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

လက်ရှိ နေပြည်တော် သီရိ ၄ မြို့နယ် ရဲ့ NLD အမတ် တွေ ထဲ က ဦးဇေယျာ သော် တစ်ဦး ပဲ နေပြည် တော် ကနေ ပြန် လည် ယှဉ်ပြိုင် မှာ ဖြစ် ပြီး ကျန် အမတ် တွေ က တော့ တခြား မဲ ဆန္ဒနယ် တွေ ကနေ ရွေးကောက်ပွဲ ဝင် မှာပါ။

NLD ကိုယ်စားလှယ် လောင်း တွေ ကို ရွေးချယ် တဲ့ အခါ သက်ဆိုင်ရာ မြို့နယ် အသီးသီး က အဆိုပြု ထားတဲ့ သူတွေ ထဲ က အများစု ကို ရွေးချယ် သွားမှာ ဖြစ် ပြီး၊ တချို့ လောက် ကိုသာ ဗဟို ကနေ ရွေး ပေး မယ် လို့ ဦး၀င်းထိန် က ဆို ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ မှာ ကျင်းပ မယ် ဆိုပြီး ကြေညာ ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် မဲဆန္ဒနယ် အားလုံး နီးပါး မှာ ဝင်ရောက် မယ် ဆိုပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောထား ပါတယ်။

မြို့နယ် အဆင့် က တက်လာ တဲ့ ကိုယ်စားလှယ် လောင်း အဆိုပြု လွှာ တွေ ကို NLD ဗဟို အနေနဲ့ စိစစ် နေပြီး မကြာခင် အတည်ပြု ထုတ်ပြန် ပေး သွားမယ် လို့ လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ