ရွေးကောက်ပွဲမှာ ကျားခေါင်းလာမယ်

  • 15 ဇူလိုင် 2015
snld ဓာတ်ပုံ မူပိုင် snld
Image caption ရှမ်းပြည်မှာ ကျားခေါင်း ပြန်လာပြီ

ရှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ ချုပ်ပါတီ ဟာ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ရှမ်းပြည်နယ်ထဲ က မြို့နယ်ပေါင်း ၄၀ ကိုအဓိကထား ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကိုလည်း စတင်နေပြီလို့ ပြောပါတယ်။

ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ ချုပ် ခေါင်းဆောင်လည်း ဖြစ် လူသိများ ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသားခေါင်း ဆောင်တစ်ဦးလည်း ဖြစ်တဲ့ ဦး ခွန်ထွန်းဦး ဝင်ရောက်ယှဉ်ပြိုင် ဖို့ရှိမရှိကိုတော့ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ ချုပ် ကတော့ ပြီးခဲ့ တဲရက်ပိုင်းက သူတို့ကို နိုင်ငံ ရေးအရ ထောက် ခံ ခဲ့တဲ ရှမ်းတိုင်းရင်းသားခေါင်း ဆောင်တွေ ကို မဟာမိတ်အဖြစ် သတ်မှတ်ပြီး သူတို့ ဝင်ပြိုင် မဲ့နေရာတွေမှာရှောင်ပေးမယ်လို့ပြောထားပါတယ်။

ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းညွန့်လွင့်ကတော့ လက် ရှိအာဏာရ ကြံ့ခိုင် ရေးပါတီ ဟာအဓိကပြိုင် ဘက် လို့ယူဆပြီးတော့ ရွေးကောက်ပွဲ မဲ စာရင်း ကိစ္စဟာ စိုးရိမ် စရာ လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မျတမယ်မမျတ ဖူးဆိုတာကို ပြောလို့ မရသေးဖူးလို့ ဆိုသလို ပါတီ အနေနဲ မဲ ရုံကိုယ်စားလှယ်တွေ စောင့်ကြည့်ရေးအဖွဲ တွေနဲ စောင့်ကြည့်သွားမယ် လို့ဦး စိုင်းညွန့်လွင်ကပြောသွားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ တုံး ကတော့ ရှမ်း တိုင်းရင်းသားဒီမိုကရေစီအဖွဲ ချုပ် ဟာအမတ် နေရာ ၂၃ နေရာ ရရှိခဲ ပြီးတော့ ဦးခွန်ထွန်းဦး က သီပေါမြို့နယ်က နေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။

အခု အခါ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လှောင်း ရွေးချယ်မှုတွေ ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ ချုပ်က စတင်နေပြီး တော့ သူတို့ကို ဒေသခံ တွေရဲ ထောက်ခံ မှု ကတော့ ၁၉၉၀ တုံးကလို ဘဲ အပြောင်း အလဲ မရှိဘူး လို့ ယူဆကြောင်း ပြောပါတယ်။