မြန်မာနိုင်ငံမှာ credit rating ရနိုင်အောင် အတွက် စတင် ဆောင်ရွက်

  • 17 ဇူလိုင် 2015
credit_rating_myanmar
Image caption မြန်မာပြည်မှာ နိုင်ငံတကာ အကြွေးပြန်ဆပ် နိုင်စွမ်း သတ်မှတ်ချက် ရအောင်လုပ်မယ်

မြန်မာနိုင်ငံမှာ credit rating လို့ ခေါ်တဲ့ နိုင်ငံတကာ အကြွေး ပြန်ဆပ်နိုင်စွမ်း အရည်အချင်း သတ်မှတ်ချက် ရနိုင်အောင် အတွက် စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အဲဒီကိစ္စအတွက် credit rating သတ်မှတ်တဲ့ အဖွဲ့အစည်းတွေက သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှု တွေနဲ့ အလားအလာ တွေကို တွက်ချက်ပြီး သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေ ကလည်း ဒီသတ်မှတ်ချက် တွေကို ကြည့်ပြီး ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။

အစိုးရဘက်ကလည်း ဒီလို အဆင့် သတ်မှတ်ချက်တွေ ပိုကောင်းလာနိုင်ဖို့ ဘဏ္ဍာရေး လိုငွေပြမှု နည်းနိုင်သမျှ နည်းအောင်လုပ်ဖို့ လိုသလို ငွေကြေး ဖောင်းပွမှုတွေကိုလည်း နည်းအောင် ကြိုးစား ထိန်းချုပ်သွားဖို့ လိုအပ်ပါတယ်။