စနေမှာ ဝါကျွတ်အိဒ်ပွဲ လုပ်ဖို့ လမြင်ပြီ

  • 17 ဇူလိုင် 2015
_rohingya_burma
Image caption အိဒ်ပွဲတော် မှာ မရှိ ဆင်းရဲ သူတွေ အားလုံးလည်း ပါဝင်နိုင် အောင် အလှူဒါန မျိုး တွေ လည်း အထူး လုပ်ဆောင် ကြတယ်။

သောကြာ ည က မြိတ်တို့ ထားဝယ် တို့ ဘက်မှာ လ စမြင် ပြီ ဖြစ်လို့ မြန်မာ နိုင်ငံ မှာလည်း စနေ နေ့ မှာ မွတ်ဆလင်မ် တို့ရဲ့ ဝါကျွတ် အိဒ်ပွဲတော် ကျင်းပ နိုင် ပြီ ဖြစ် ပါတယ်။

ရမ်မဒန် ဥပုသ်လ ရဲ့ နောက်ဆုံး ည နဲ့ အိဒ်နေ့ အခါသမယ တို့မှာ ဝတ်ပြု ဆုတောင်းမှု တွေ ပိုမို ထူးကဲ ပြုလုပ် ကြသလို အိဒ်ပွဲတော် မှာ မရှိ ဆင်းရဲ သူတွေ အားလုံးလည်း ပါဝင်နိုင် အောင် အလှူဒါန တွေ လည်း အထူး လုပ်ဆောင် ကြတယ် ဆိုပြီး ရန်ကုန် မြို့က အစ္စလာမ် ဓမ္မသတ်မှူး တစ်ဦး ဖြစ်တဲ့ ဒေါက်တာ မြင့်သိန်းက ပြော ပါတယ်။

ပလီ ဝတ်ကျောင်းတော် တွေ မရှိတဲ့ ရန်ကုန် မြို့သစ် တွေ မှာ ဝါတွင်း ကာလ နဲ့ အိဒ် ပွဲ တော် အတွက် စုပေါင်း ဝတ်ပြု တာ မျိုး တွေ၊ ကျမ်းစာ ရွတ်ဖတ် တာမျိုး တွေ ပြုလုပ် ခွင့် ရဖို့ သာသနာရေး အပါအဝင် အာဏာပိုင် တွေ ထံ ခွင့်ပြုမိန့် တောင်းခံ ရတယ် လို့ ဒေါက်တာ မြင့်သိန်း က ပြောပါတယ်။

ရွေပြည်သာ ဘက်မှာ အစပိုင်း အခက်အခဲ အနည်းငယ် ရှိပေမယ့် အားလုံး အဆင်ပြေ ခဲ့တယ် လို့လည်း ဒေါက်တာမြင့်သိန်း က ဆိုပါတယ်။

ရခိုင် ပြည်နယ် က ဘူးသီးတောင် မောင်တော လို မြို့တွေမှာ တော့ လူမစုဝေး ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ဆဲ မို့ အိဒ်ပွဲတော် ကို ၂၀၁၂ နောက်ပိုင်း ကတည်းက ပလီ ဝတ်ကျောင်း တွေ မှာ ပြုလုပ် ခွင့် မရ ပဲ နေအိမ် မှာ သာ ကျင်းပ ကြရတယ် လို့ ဒေသခံ တွေ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ