သွေးလွန်တုပ်ကွေးဖြစ်နေတာ မနှစ်က တနှစ်လုံး အရေအတွက်ထက် များနေပြီ

  • 18 ဇူလိုင် 2015
china_dengue ဓာတ်ပုံ မူပိုင် AFP
Image caption ခြင်နဲ့ ပိုးလောက်လန်း နှိမ်နှင်းရေး လုပ်တဲ့ အခါ အုပ်ချုပ်ရေး အာဏာပိုင် တွေ နဲ့ အရပ်ဖက် အဖွဲ့တွေ အပြင် ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်း ပါဝင် ဖို့ လိုတယ်။

မြန်မာနိုင်ငံ မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွား နေတာ ဟာ ဒီနှစ် ၆လ ကျော် အတွင်း မှာ ကို မနှစ် က တနှစ် လုံး ဖြစ်ခဲ့တဲ့ အရေ အတွက် ထက် များပြား နေကာ လူပေါင်း ၁သောင်း၈ထောင် ကျော် ဖြစ်ပွား ပြီး သေဆုံးသူ အရေ အတွက် ၇၀ ကျော် သွား ပြီ ဖြစ်တယ် အစိုးရ ကျန်းမာရေး ဝန်ကြီး ဌာန က ပြောပါတယ်။

အဲဒီ့လို ဖြစ်ပွားမှု မြင့်တက် နေတာ ကို ဧပြီလ ကတည်းက သတိထား သိရှိ နေခဲ့ ပြီး သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ကြားခံကောင် ခြင်နဲ့ ပိုးလောက်လန်း တို့ ကို နှိမ် နှင်း နိုင်ဖို့ အရေးကြီး တယ် လို့ ကူးစက်ရောဂါ နှိမ်နင်းရေး ဌာန ရဲ့ ညွှန်ကြားရေး မှူး ဒေါ်သန္တာလွင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် ခြင်နဲ့ ပိုးလောက်လန်း နှိမ်နှင်းရေး လုပ်တဲ့ အခါ အုပ်ချုပ်ရေး အာဏာပိုင် တွေ နဲ့ အရပ်ဖက် အဖွဲ့တွေ အပြင် ပြည်သူလူထု ကိုယ်တိုင် ပူးပေါင်း ပါဝင် ဖို့ လို အပ်တယ် လို့လည်း ဒေါ်သန္တာလွင် က ဆိုပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ မွန်ပြည်နယ် တွေမှာ အများဆုံး ဖြစ်နေတယ် လို့ ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ လည်း ရောဂါ ဖြစ်ပွားသူ တွေ များလို့ ဆေးရုံတွေ မှာ လူနာတွေ နဲ့ ပြည့်လျှံ ပြီး လူနာ ကုတင် မလောက်င တာမျိုး တွေ အထိ ဖြစ်ခဲ့ပါတယ်။

မြန်မာ နိုင်ငံ မှာ ၂၀ဝ၉ ခုနှစ် တုန်းကလည်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်တဲ့ ပမာဏာ များပြားခဲ့ ပြီး ဖြစ်ပွားသူ လူ ၂ သောင်း ၂ ထောင် ကျော် မှာ လူ ၁၀၀ ကျော် သေဆုံး ခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ