မောင်တောမှာ ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေရ

  • 18 ဇူလိုင် 2015
maungtaw ဓာတ်ပုံ မူပိုင် bbc
Image caption မောင်တောမှာ လုံခြုံရေး တိုးမြှင့် ဖို့ စီစဉ်

ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်းမှာ တဘက် နိုင်ငံ က အစ္စလာမ္မစ် အဖွဲ့ တွေက ဗုံးခွဲ တိုက်ခိုက် မယ် ဆိုတဲ့ သတင်း တွေ ရတဲ့ အတွက် ဌာန ဆိုင်ရာ ကို သတိ ပေးထားတယ် လို့ သိရ ပါတယ်။

ရာမဒန် ဥပုသ်လ အပြီး ဇူလိုင် ၁၉ ရက် နောက်ပိုင်း ဖောက်ခွဲရေး အကြမ်းဖက် တွေ လုပ်မယ် ဆိုတဲ့ သတင်းတွေ ရလို့ မောင်တောက ဌာန ဆိုင်ရာ အားလုံး လုံခြုံရေး သတိရှိဖို့နဲ့ ရွာတွေ သွားတဲ့ အခါ ရဲစခန်း သတင်းပို့ ပြီး လုံခြုံရေး ယူဖို့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး က ညွှန်ကြားချက် ထုတ်တယ် လို့ သိရ ပါတယ်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် က RSO လို အဖွဲ့တွေက အကြမ်းဖက် တိုက်ခိုက် မယ် ဆိုတဲ့ သတင်းတွေ ရရှိလို့ ထုတ်ပြန်တာလို့ ဆိုပါတယ်။

အခုလို အကြမ်းဖက် ဖောက်ခွဲရေး တွေ လုပ်မယ် ဆိုတဲ့ သတိပေးမှု ထွက်လာတဲ့ အတွက် ဝန်ထမ်းတွေ အကြား စိုးရိမ် နေကြတယ်လို့ သိရပါတယ်။

ခုလို အခြေအနေ တွေကြောင့် လုံခြုံရေး အလှမ်းဝေးတဲ့ နယ်တွေက ဆရာ ဆရာမ တွေ မောင်တော မြို့ပေါ်ကို ပြောင်း လာကြတယ် လို့ သိရပါတယ်။

လက်ရှိ မောင်တော မြို့နယ်မှာ လုံခြုံရေး က နေရာတိုင်းမှာ ရှိတယ်လို့ မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမြင့် က ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိ သူ တွေက နယ်စပ် တလျှောက် မှာ လုံခြုံရေး တိုးမြှင့် ဖို့ စီစဉ်နေ ချိန်မှာ ခု လို သတိပေးမှု ထွက်ပေါ်လာ ပါတယ်။

ခုလို အခြေအနေ တွေကြောင့် ဒေသ ပြည်သူတွေ စိုးရိမ် နေကြတယ် လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ