နိုင်ငံပြောင်းဖို့ အချိန်ရောက်ပြီလို့ ဒေါ်စုပြော

  • 19 ဇူလိုင် 2015
suu_kyi_martyr ဓာတ်ပုံ မူပိုင် bbc burmese
Image caption အပြောင်းအလဲ ကို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့ အချိန်ရောက်နေပြီ လို့ ပြောကြား ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကအခုလို ပြောကြားလိုက် ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့ မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပြီး အဲဒီရွေးကောက်ပွဲ မှာ အနိုင်ရရှိဖို့ မျှော်မှန်းထားပါတယ်။

ဒါပေမဲ့လည်း လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ စစ်တပ် က အာဏာ အများစု ကို လွှမ်းမိုး ချုပ်ကိုင်နေတာတွေ ကြောင့် အထွေထွေ ရွေးကောက်ပွဲ ပြီးရင် လည်း မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်ဖို့ အရေး က မသေချာ ဘူး လို့ ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။