ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်အဖွဲ့တွေ တွေ့ဆုံ

  • 20 ဇူလိုင် 2015
Image caption ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမယ့် သူတွေ အနေနဲ့လည်း လျှောက်လွှာ တင်နိုင်ပြီ

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာ စေရေး အတွက်၊ လူမှု အဖွဲ့ အစည်း တွေက ပါဝင် ဆောင်ရွက် ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က လူမှု အခြေပြု အဖွဲ့ အစည်း CSO တွေနဲ့ ရန်ကုန်မြို့ တွေ့ဆုံ ပွဲမှာ ပြောကြား လိုက်ပါ တယ်။

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမယ့် သူတွေ အနေနဲ့လည်း လျှောက်လွှာ တင်နိုင်ပြီ လို့ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဖိတ်ခေါ် လိုက်ပါ တယ်။

မဲပေး ပိုင်ခွင့် စာရင်းတွေ ထုတ်ပြန် ရာမှာ အမှား အယွင်းတွေ ရှိတာနဲ့ ပတ်သက်ပြီး ဦးတင်အေးက လူမှုရေး အဖွဲ့ အစည်း တွေကို အဓိက ရှင်းပြ ခဲ့ပါတယ်။

ပြန်လည် ပြင်ဆင် ပြီးသား မဲပေး ပိုင်ခွင့် ရှိသူ စာရင်း တွေကို ဩဂုတ်လ ကုန်ပိုင်းမှာ ထုတ်ပြန်ရင် အမှားတွေကို ကူညီ ကြည့်ပေး ဖို့ကိုလည်း ဦးတင်အေးက ဖိတ်ခေါ် လိုက်တဲ့ အကြောင်း၊ တွေ့ဆုံပွဲ တက်ရောက် ခဲ့တဲ့ အမျိုး သမီး အဖွဲ့ အစည်းများ ကွန်ရက်က အစီ အစဉ် မန်နေဂျာ ဒေါ်ခင်လေးငယ်က ဘီဘီစီ ကို ပြန် ပြောပြ ပါတယ်။

ဇွန်လ ၂၀ ရက် တနင်္လာနေ့ဟာ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ မှတ်ပုံ စတင် ရမယ့် နေ့ ဖြစ်ပေမယ့် မှတ်ပုံ တင်တဲ့ စာရင်းတွေ မရရှိသေး ဘူးလို့ ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဌ ဦးကိုကိုက ပြောပါတယ်။

အမတ်လောင်း လျှောက်လွှာ တွေကို သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံး ထားပြီး တင်သွင်း ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ဖို့ ခွင့်ပြုချက် ရထားတဲ့ ပါတီ ၈၈ ပါတီ ရှိပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ