အပစ်​ရပ်​စာချုပ် အချော​သတ် ဆွေးနွေး​ပွဲ ဝ တက်​ဖို့ မ​သေချာ

  • 20 ဇူလိုင် 2015
_uwsa_pangseng-wa_ ဓာတ်ပုံ မူပိုင် AFP
Image caption ပန်ဆန်း ညီလာခံ ဟာ သီးသန့် ဝပြည်နယ် ထူထောင် ရေး တောင်းဆို ချက် ကို ထောက်ခံ မှု ရယူ ဖို့ ပြုလုပ် ခဲ့တာ ဖြစ်တယ် ဆိုပြီး သုံးသပ် နေ။

ဇူလိုင် ၂၂ ရန်ကုန် မှာ ပြုလုပ်မယ့် တစ်နိုင်ငံ လုံးအပစ်ရပ်ရေး စာချုပ် NCA အချောသတ် ဆွေးနွေးပွဲ ကို တက်ရောက် ဖို့ ဝ လက်နက်ကိုင် တပ် UWSA လည်း ဖိတ် ကြားခံ ရတယ် လို့ ဆိုပေမယ့် ဝ ဘက် က အကြောင်း မပြန် သေးပါဘူး။

UWSA လက်ရှိ ရနေ တဲ့ အဆင့် အတန်း ဟာ အခု NCA လက်မှတ် ထိုးနိုင်ဖို့ လုပ် နေတဲ့ တိုင်းရင်းသား တပ် တွေ ထက် ပိုပြီး၊ အစိုးရ အာဏာစက် မသက်ရောက် အစိုးရ စစ်တပ် ဝင်ရောက် ခွင့် မရှိတဲ့ ကျယ်ဝန်း တဲ့ ကိုယ်ပိုင် ထိန်းချုပ် နယ်မြေ နဲ့ အခွန်အတုပ် ကိုယ်တိုင် စည်းကြပ် နေ တဲ့ အနေ အထား မျိုး ဖြစ်လို့ ရန်ကုန် ဆွေးနွေး ပွဲ ကို လာတက် စရာ မလို ဘူး လို့ ဝ အနေနဲ့ ယူဆကောင်း ယူဆ နိုင်တယ် ဆိုပြီး ပြည်တွင်းက တိုင်းရင်းသား ရေးရာ လေ့လာသူ သတင်းစာဆရာ စိုင်းထွန်းအောင်လွင် က ဆို ပါတယ်။

UWSA အနေ နဲ့ အစိုးရ နဲ့ ငြိမ်းချမ်းရေး ယူ ထားတဲ့ နှစ်ပေါင်း ၂၅ နှစ် ကာလ တာ မှာ တခါ မှာ အပစ်ရပ် ကျိုး ပေါက် ခဲ့ ခြင်း မရှိ သလို NCA အတွက် ဆွေးနွေး ပွဲ အဆက်ဆက် မှာ လည်း တစ်ကြိမ် တစ်ခါပဲ လေ့လာသူ အနေ နဲ့ တက်ရောက် ဖူးပါတယ်။

အခုနှစ် မေလ ဆန်း တုန်း ကတော့ ဝ ဌာနချုပ် မြို့ ဖြစ်တဲ့ ပန်ဆန်း မှာ တိုင်းရင်းသား လက်နက် ကိုင် တပ် တွေ ရဲ့ ညီလာခံ တစ်ရပ် ကို အိမ်ရှင် အဖြစ် လက် ခံ ကျင်း ပ ခဲ့ ပြီး အဲဒီ့ ကာလ တုန်း က စစ်ပွဲ ပြင်းထန် နေတဲ့ အစိုးရ တပ် နဲ့ ကိုးကန့် တပ် အကြား ဝင်ရောက် ညှိနှိုင်း ပေး မယ် ဆိုပြီး ပြောခဲ့ပါတယ်။

စိုင်းထွန်းအောင်လွင် က တော့ အဲဒီ့ ပန်ဆန်း ညီလာခံ ဟာ WUSA အနေ နဲ့ တခြား လူမျိုး စု လက်နက်ကိုင် အဖွဲ့ တွေ နဲ့ သွေးစည်း ညီညွတ် ကြောင်း ပြသလို မှု အချက် အပြင် သီးသန့် ဝပြည်နယ် ထူထောင် ရေး တောင်းဆို ချက် ကို ထောက်ခံ မှု ရယူ ဖို့ ပြုလုပ် ခဲ့တာ ဖြစ်တယ် ဆိုပြီး သုံးသပ် ပါတယ်။

ဒါပေမယ့် တကယ် တစ်နိုင်ငံ လုံးအပစ်ရပ် စာချုပ် ချုပ် ဆို ပြီးသွား လို့ နောက် ဖြစ် ပေါ် လာမယ့် နိုင်ငံရေး ဆွေး နွေး ပွဲ တွေ အဆင့် ကျရင် တော့ ဝ အနေ နဲ့ ပါဝင် လာနိုင် တယ် လို့လည်း စိုင်းထွန်းအောင်လွင် က ဆို ပါတယ်။

နိုင်ငံရေး ဆွေးနွေး ကြတဲ့ အခါ မှာ လည်း ဝ အရေး ဟာ အစိုးရ နဲ့ အကြား အကြိတ် အနယ် ဆွေးနွေး ရမယ့် ကိစ္စ မျိုး တွေ ရှိ တာ မှာ အခြေခံ ဥပဒေ အရ ဝ ကိုယ် ပိုင် အုပ်ချုပ် ခွင့် တိုင်း အနေ နဲ့ အသိအမှတ် ပြု ထားတဲ့ မြောက်ပိုင်း နယ် မြေ တွေ သာ မက၊ တောင်ပိုင်း နယ် တွေ ကို ပါ ဝ သီးသန့် ပြည် နယ် အဖြစ် တောင်းဆို တာမျိုး ဟာ လည်း တစ်ခု အပါအဝင် ဖြစ် တယ် လို့ စိုင်းထွန်းအောင်လွင် က ယူဆ ပါတယ်။

လူ ဦးရေ ၆ သိန်း နဲ့ စစ်မှု မထမ်းမနေ ရ ဥပေဒ ရှိတဲ့ ဝ ဒေသ မှာ လက်နက် ဖြုတ် ဖို့ အခက်အခဲ ဆုံး ဖြစ် လာနိုင် တယ် လို့ စိုင်းထွန်းအောင်လွင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ