ကော်မရှင်နဲ့ ပါတီတွေ ရွေးကောက်ပွဲ မတိုင်မီ တွေ့

  • 21 ဇူလိုင် 2015
 tin aye ဓာတ်ပုံ မူပိုင် burmese
Image caption မဲစာရင်း လွဲရင် အထောက်အထားနဲ့ တင်ပြ ဖို့ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး နဲ့ နိုင်ငံ ရေးပါတီ ၇ဝ ကျော် အင်္ဂါနေ့ က ရန်ကုန်မှာ တွေ့ဆုံ ခဲ့ပြီး ရွေးကောက် ပွဲအခြေအနေ တွေ ရှင်းပြ ပါတယ် ။

ရွေးကောက်ပွဲ ကော်မရှင် နဲ့ ပါတီ တွေ ၅ ကြိမ်မြောက် တွေ့တာ ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး တွေ့တာပါ ။

ရွေးကောက်ပွဲမှာ တိုင်း ခရိုင် အဆင့်လိုက် ဖွဲ့ထားတဲ့ လုံခြုံရေး တွေက တာဝန်ယူမယ်၊ ပါတီချင်း ပြဿနာ ဖြစ်ရင် ကော်မရှင် က အုပ်ချုပ်ရေး အာဏာပိုင် တွေ၊ မြို့လူကြီး တွေနဲ့ ဖွဲ့ထားတဲ့ ကော်မတီ က အရင် ဖြေရှင်းမယ့် အကြောင်း အစည်းအဝေးမှာ အဓိက ဆွေးနွေး ဖြစ်တယ် လို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ဦးသုဝေက ပြောပါတယ် ။

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ဇူလိုင် ၃ဝ ကို မဲ စာရင်း ပြင်ဖို့ နောက်ဆုံးရက် သတ်မှတ် ထားပြီး ရွေးကောက်ပွဲ ကို တရားမျှတစွာ ကျင်းပပေးမယ်၊ မဲစာရင်း လွဲတာ ရှိရင် ပါတီ တွေက အထောက် အထား နဲ့ တင်ပြဖို့ ပြောပါတယ် ။

လွှက်တော် က အကြောင်း ကြား ထားတဲ့ ရွေးကောက်ပွဲ နဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒ ခံပွဲ ပူးတွဲ လုပ်ဖို့ က တာဝန် ပေးရင် လုပ်ရမှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲ စရိတ် ကျပ် သန်း လေးထောင် လောက် ကုန်တာမို့ နောင် အရေးကြီးတဲ့ ပုဒ်မတွေ ပြင်မှ ပူးတွဲ ကျင်းပဖို့ တင်ပြ ထားတယ်လို့ ဦးတင်အေးက ဖြေပါတယ် ။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီး ၆ ကြိမ်မြောက် ကျင်းပတဲ့ ပါတီစုံ ရွေးကောက်ပွဲ ကို နိုဝင်ဘာမှာ နိုင်ငံ အနှံ့ မဲဆန္ဒ နယ် ၃၂ဝ ကျော် မှာ ကျင်းပဖို့ ရှိ ပြီး ပါတီ ၉ဝ ခန့် ဝင်ပြိုင်ဖို့ ရှိပါတယ် ။

ဒီရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်း ၃ ဦး ထက် မနည်း မဲပေးရမှာ ဖြစ်သလို အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဆန္ဒ ခံယူပွဲ ပူးတွဲ လုပ်ရင် မဲပေး အတွေ့အကြုံ နည်း တဲ့ ပြည်သူတွေ အခက် တွေ့နိုင်ပါ တယ် ။

အများစု တောင်းဆိုတဲ့ အခြေခံ ဥပဒေ ထဲက ပုဒ်မ တွေ ပြင်ဆင်ဖို့ မဟုတ်လို့ ဆန္ဒခံယူပွဲ ကို ရွေးကောက်ပွဲ နဲ့ ပေါင်းလုပ်ဖို့ မသင့်ဘူး လို့ နိုင်ငံရေး အကဲခတ် တွေက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ