အစိုးရနဲ့ နောက်ဆုံးဆင့် ဆွေးနွေးပွဲ ဝ မတက်

uwsa
Image caption ဝ အဖွဲ့နဲ့ အစိုးရကြား မကြာခင်က တင်းမာမှု တချို့ ရှိ

မြန်မာ အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြား တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုး နိုင်ဖို့ နောက်ဆုံး အဆင့် ဆွေးနွေးပွဲ တွေ ကို ရန်ကုန်မြို့မှာ ဗုဒ္ဓဟူး နေ့ စတင်မှာ ဖြစ် ပါတယ်။

အဲဒီ ဆွေးနွေးပွဲ ကို တက်ဖို့ UWSA ဝ အဖွဲ့ ကို အစိုးရ က ဖိတ်ကြား ပေမယ့် တက်ရောက်မှာ မဟုတ်ဘူးလို့ ဝ ဘက် ကဆိုပါတယ်။

ဖိတ်စာ ရောက်တာ နောက်ကျပြီး ခေါင်းဆောင်တွေ ခရီးလွန် တာ၊ ကျန်းမာရေး မကောင်းတာ တွေ ရှိလို့ မတက်ဖို့ ဆုံးဖြတ် ခဲ့တာ လို့ UWSA ပြောခွင့်ရသူ ဗဟို ကော်မီတီဝင် ဦးအောင်မြင့်က ပြော ပါတယ်။

ဝ အဖွဲ့နဲ့ အစိုးရကြား အရင်ထဲက ငြိမ်းချမ်းရေး ယူထားပြီးသား ဖြစ်လို့ ဒီဆွေးနွေးပွဲမှာ ဝင်မဆွေးနွေး တော့ဘဲ နိုင်ငံရေး ဆွေး နွေး ပွဲ တွေ စမှ ဝင်ပါလို့တဲ့ သဘောထား ခေါင်းဆောင်ပိုင်းမှာ ရှိတယ် လို့လည်း သူက ဆိုပါတယ်။

ပြဿနာ ရှိခဲ့ရင်လည်း ဖြေရှင်း ဆောင်ရွက်နိုင်တဲ့ အနေအထား ရှိတယ် လို့ ဆိုပါတယ်။

ဝ အဖွဲ့နဲ့ အစိုးရကြား သစ်ကိစ္စနဲ့ တောင်ပိုင်း နယ်မြေမှာ မကြာခင်က တင်းမာမှု တချို့ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ