သစ်ခိုးခုတ်မှုနဲ့ တရုတ်နိုင်ငံသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

  • 22 ဇူလိုင် 2015
Image caption သစ်ခိုးခုတ်မှုနဲ့ တရုတ်နိုင်ငံသား ၁၅၅ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အတွင်းမှာ သစ်ခိုးခုတ်တဲ့အမှုနဲ့ အခုနှစ်ဆန်းပိုင်းက ဖမ်းဆီးခံထားရတဲ့ တရုတ် နိုင်ငံသား ၁၅၃ ဦးကို မြစ်ကြီးနား ခရိုင် တရားရုံးက ထောင်ဒဏ် တသက် အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီထဲက အမျိုးသမီးတဦးကိုတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိတဲ့အတွက် ထောင်ဒဏ်တသက်အပြင် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်မံ အပြစ်ပေး လိုက်ပါတယ်။

အရွယ်မရောက် သေးတဲ့ ၁၇ နှစ်အရွယ် ယောက်ျားလေး နှစ်ဦး ကိုတော့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ ပါတယ်။

သူတို့ကို ၁၉၆၃ ခုနှစ်အများနဲ့သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောင့်ရေး ဥပဒေပုဒ်မ ၃အရ စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ တရားခံရှေ့နေ ဦးခင်မောင်က ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၅ ယောက်လုံးကို လူဝင်မှု ဥပဒေအရ ထောင်ဒဏ် ၆ လစီ အပြစ် ပေးခဲ့ ပြီးသားဖြစ်ပြီး အခုတခါသီးခြားပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။