NLD ရုံးခန်း ၂၀ ကျော် ဖျက်ဆီးခဲ့သူတွေကို ရဲက ပြန်လွှတ်

  • 22 ဇူလိုင် 2015
_shan_state_army_soldier ဓာတ်ပုံ မူပိုင်
Image caption နမ့်စန် နဲ့ တဝိုက် ပြည်သူ့စစ် နာမည် နဲ့ လက်နက်ကိုင် တပ် တွေ အများအပြားရှိ။

ရှမ်းပြည် တောင်ပိုင်း နမ့်စန် မြို့ ပေါ် နဲ့ ပတ်ဝန်းကျင် ကျေးရွာ တွေ မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ရုံး ပေါင်း ၂၀ ကျော် က ဆိုင်းဘုဒ် တွေကို တစ်ည တည်း ဖျက်စီး ဖြိုချ ခဲ့ သူ လို့ သံသယ ရှိ ရသူ ၄ ဦး ကို ရဲ တပ်ဖွဲ့ က ဖမ်းဆီး မိခဲ့ ပေမယ့် ရဲ အရေး မပိုင် တဲ့ အမှု ဆိုပြီး ပြန် လွှတ် ပေး လိုက် တယ် လို့ NLD တောင်ကြီး ခရိုင် ရုံးက ပြောပါတယ်။

NLD ပါတီ အနေနဲ့ တရား စွဲချင် တယ် ဆိုရင် တော့ ဇူလိုင် ၂၉ ရက် နေ့ မှာ ပြန်လာ ခဲ့ ဖို့ ရက်ချိန်း ပေးလိုက် တယ် လို့ NLD တောင်ကြီး ခရိုင် ဥက္ကဌ ဦးတင်မောင်တိုး က ဘီဘီစီ ကို ပြောပါတယ်။

ဖမ်းဆီး ရမိ ခဲ့သူ တွေ ဟာ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ မတ်ကျန်းဌာနေ ပြည်သူ့ စစ် အဖွဲ့ ဝင် တွေ ဖြစ်တယ် လို့ ဝန်ခံ ထား ကြပြီး အဲဒီ့ အဖွဲ့ ရဲ့ ဆက်ဆံရေး တာဝန်ခံ ရဲ့ ခိုင်း စေမှု ကြောင့် လုပ်ခဲ့ တာ ဖြစ် ကြောင်း ထွက်ဆို ထားတယ် လို့ လည်း ဦးတင်မောင်တိုး က ပြောပါတယ်။

မတ်ကျန်းဌာနေ ပြည်သူ့ စစ် ဆိုတာ SSA က နေ ခွဲ ထွက် လာ ခဲ့တဲ့ လက်နက်ကိုင် တွေ ဖြစ်ပြီး အစိုးရ နဲ့ ငြိမ်းချမ်းရေး ရယူ ထား ကာ စစ်တိုင်း ဌာန ချုပ် နဲ့ ပြည်နယ် အစိုးရ နယ်လုံ ဝန်ကြီး ရဲ့ လက်အောက် ခံ လှုပ် ရှား ရတဲ့ တပ် မျိုး ဖြစ်တယ် ဆိုပြီး ဦးတင်မောင်တိုး က ရှင်း ပြ ပါတယ်။

အခုလို ပါတီ ဆိုင်းပုဒ် တွေ ဓား နဲ့ အခုတ် ခံရ၊ အလံ တွေ ဖြုတ် ချ ခံ ခဲ့ ရတာ နဲ့ ပတ်သက်ပြီး ပါတီ ဗဟို ကို အကြောင်းကြား ထားပြီး ပြည်နယ် တရား ရုံး မှာ အမှု ဖွင့် တရားစွဲဆို သွားဖို့ စဉ်းစား ထားတယ် လို့ ဦးတင်မောင်တိုး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ