အပစ်​ရပ် စာချုပ် အပြီးသတ် ချုပ်​ဆို​နိုင်​ဖို့ မလွယ်​သေး

  • 23 ဇူလိုင် 2015
upwc_ncct_ds
Image caption ၁၇ လ အချိန် ယူ ပြုလုပ် ထားတဲ့ NCA စာချုပ် မူ ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ က ပြင်ဆင် လို တဲ့ ဆန္ဒ မရှိ။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို အချောသတ် ညှိနှိုင်း နေကြတဲ့ လက်ရှိ ရန်ကုန် ဆွေးနွေး ပွဲ ကနေ ဆုံးဖြတ်ချက် မချ နိုင်တဲ့ အချက် တွေ ရှိနေတာ ကြောင့် ရက် အနည်းငယ် ရွှေ့ဆိုင်း ပြီး မှ ပြန်စတင် ရဖို့ အခြေ အနေ မှာ ရှိပါတယ်။

နှစ် ဘက်စလုံး အနေ နဲ့ ကိုယ့်ရဲ့ ခေါင်း ဆောင် တွေ ကို ကိုယ်စီ တင်ပြ စရာ တွေ ရှိ လာလို့ ညှိနှိုင်း နေတာ တွေ က နေ ၃-၄ ရက် လောက် နား ရနိုင် တယ် ဆိုပြီး တိုင်းရင်းသားတပ် တွေ ရဲ့ အထူး ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ နိုင်ဟံသာ က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ က စာချုပ် မူကြမ်း မှာ ပြင်ဆင် ဖို့ တင်ပြ ထား တဲ့ အချက် ၁၃ ချက် ထဲ က ၁၀ ချက် အထိ တော့ ဆွေးနွေးပွဲ ရဲ့ ဒုတိယ ရက် ဇူလိုင် ၂၃ ရက် မှာ သဘောတူ နိုင် ခဲ့ ပြီး ၃ ချက် ကျန် နေသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းရင်းသား တပ် တွေ ဘက်က ရည်မှန်း ထား သလို စာချုပ် ကို ပြင်ဆင် တဲ့ သဘော မဟုတ် ပဲ တချို့ အချက် တွေ ကို အစည်းအဝေး ဆုံးဖြတ်ချက် အနေနဲ့ မှတ် တမ်း တင် ခဲ့တာ ဖြစ် ပါတယ်။

၁၇ လ အချိန် ယူ ပြုလုပ် ထားတဲ့ NCA စာချုပ် မူ ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ က ပြင်ဆင် လို တဲ့ ဆန္ဒ မရှိ ဘူးလို့ မြန်မာငြိမ်းချမ်း ရေးစင်တာ က အကြီးတန်းအကြံပေး ဦး လှမောင်ရွှေ က ပြောပါတယ်။

ဒါကြောင့် သဘောတူ ခဲ့တဲ့ ၁၀ ချက် ဆိုတာ ထဲ က စာချုပ် ပါ အဓိပ္ပာယ် ကို မပြောင်း လဲ စေတဲ့ ၅ ချက် ကို စာချုပ် အချောသတ် တဲ့ အနေ နဲ့ ထည့်သွင်းပြီး ကျန် ၅ ချက် ကို တော့ အစည်းအဝေး ဆုံးဖြတ်ချက် အနေနဲ့ ထားရှိ ခဲ့တာ ဖြစ်တယ် လို့ ဦး လှမောင်ရွှေ က ဆို ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ သောကြာ နေ့ မှာ ညှိနှိုင်း ပွဲ ဆက်လက် ရှိနေ မှာ ဖြစ်ပြီး NCA တကယ် ချုပ် ဆိုကြတဲ့ အခါ နှစ်ဘက် က ဘယ် ပုဂ္ဂိုလ် တွေ ပါဝင် လက်မှတ် ရေးထိုး မလဲ ၊ နိုင်ငံတကာ နဲ့ ပြည်တွင်း က သက်သေ တွေ အဖြစ် ဘယ်သူ တွေ ပါဝင် ရမလဲ ဆိုတဲ့ အချက် တွေ ကို ဆွေးနွေး ကြပါလိမ့်မယ်။

ဒါ့အပြင် NCA မှာ တိုင်းရင်းသား တပ် တွေ ဘက် က လိုလား သလို လူမျိုးစု လက်နက်ကိုင် တပ် ဖွဲ့ တွေ အားလုံး ပါဝင် နိုင် ရေး နဲ့ အစိုးရ က လိုလားတဲ့ ၁၅ ဖွဲ့ နဲ့ ချုပ်ဆိုရေး ဆိုတဲ့ ကွဲပြား နေမှု ကိုလည်း ညှိနှိုင်း ကြရမှာ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ