ဦးအောင်သောင်း စျာပန တနင်္လာနေ့ပြုလုပ်မယ်

  • 23 ဇူလိုင် 2015
U Aung Thaung
Image caption တောင်သာ အမတ် ဦးအောင်သောင်းဟာ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မီတီ ဥက္ကဌလည်းဖြစ်

ဇူလိုင်လ ၂၃ ရက် နေ့ မနက်က စင်ကာပူ နိုင်ငံမှာ ကွယ်လွန် သွားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ စျာပနကို ဇူလိုင် ၂၇ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီနေ့ မနက်ပိုင်း မီးသဂြိုဟ် ပြီးတဲ့ အခါ အရိုးကို တောင်သာ မြို့နယ် ကျောက်ကာရွာကို သယ်ယူသွားပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်ခဲ့တဲ့ ဦးအောင်သောင်း ဇနီးရဲ့ အုတ်ဂူ နံဘေးမှာပဲ ဂူသွင်း မယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါကြောင့် စင်ကာပူနိုင်ငံမှာ သွားရောက် ဆေးကုသခံယူရင်း ကွယ်လွန်သွားခဲ့တဲ့ ဦးအောင်သောင်းရဲ့ အလောင်းကို မြန်မာ နိုင်ငံဆီ ပြန်လည် သယ်ဆောင်ဖို့ စီစဉ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ညသန်းခေါင်ချိန်အနီးမှာ ဦးနှောက်သွေးကြောပေါက်တဲ့ အတွက် ဦးအောက်သောင်းဟာ နေပြည်တော် ဆေးရုံမှာ တက်ရောက် ကုသမှုခံယူခဲ့ပြီး နောက်တနေ့မှာ စင်္ကာပူ ဆေးရုံကို အထူး လေယာဉ်နဲ့ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

ဆေးကုသမှု ခံယူစဉ် ကာလ အတွင်း တစ်ကြိမ်တော့ သတိ ပြန်လည်လာခဲ့သေးပေမဲ့ စကားတော့ မပြောနိုင်ခဲ့ဘူးလို့ စောစောက ပြောတဲ့ မိသားစုနဲ့ နီးစပ်သူကပဲ ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ