အဲပုဂံ လေယာဉ်တစင်း လေယာဉ်ဘီး လမ်းချော်

  • 25 ဇူလိုင် 2015
yangon airport
Image caption လေယာဉ်ဘီး လမ်းချော်လို့ လေဆိပ် ခေတ္တပိတ်

သောကြာ နေ့ညက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ အဲပုဂံ လေယာဉ် တစင်း လေယာဉ်ဘီး လမ်းချော်လို့ လေဆိပ် ကို ခေတ္တ ပိတ်ထား ခဲ့ရပါတယ်။

ရာသီဥတု ဆိုးရွားပြီး မိုးသည်းလို့ လမ်းချော် ခဲ့တာ ဖြစ်ပြီး လေယာဉ် ပေါ်ပါ ၄၉ ယောက် စလုံး ကို လေယာဉ် ထဲက ထုတ်ယူ နိုင်ခဲ့ တယ် လို့ အဲပုဂံ လက်ထောက် ညွှန်ကြားရေးမှူး မဂရေ့စ်က ပြော ပါတယ်။

သံဃာ တပါး ကတော့ လက်မောင်းကျိုး လို့ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသ ခံနေပါတယ်။

၂ဝ၁၄ တုန်းက တခြား လေကြောင်းလိုင်း လေယာဉ် တစီး ဒီ လေဆိပ်မှာ လမ်းချော် ခဲ့ဖူးပါတယ်။

လေဆိပ် ကိုတော့ ည သန်းခေါင် မှာပဲ ပြန်ဖွင့်နိုင် ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ