SNLD ခေါင်းဆောင်​တွေ ရွေး​ကောက်​ပွဲ မ​ဝင်​ဖို့ ဆုံးဖြတ်

  • 25 ဇူလိုင် 2015
khun_tun_oo ဓာတ်ပုံ မူပိုင် Reuters
Image caption SNLD ပါတီ ဥက္ကဌ နဲ့ ဒုဥက္ကဌ အပါအဝင် ပါတီ ခေါင်းဆောင် ၅ ဦး ဟာ ရွေးကောက်ပွဲ မှာ ဝင်ရောက် ခြင်း မပြု ဖို့ ဆုံးဖြတ် ထား။

ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ရဲ့ ဥက္ကဌ ဦးခွန်ထွန်ဦး အပါအဝင် ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တွေ ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ် ပြိုင် မှာ မဟုတ် ဘူး ဆိုပြီး SNLD ပါတီ က ပြောပါတယ်။

ပါတီစည်းရုံရေး နဲ့ မဟာမိတ် လုပ်ငန်း တွေ လိုမျိုး လွှတ်တော် ပြင်ပ ဆောင်ရွက် စရာ ကိစ္စတွေ ကို တာဝန် ခွဲဝေ ဆောင်ရွက် သွား နိုင် ဖို့ အတွက် ပါတီ ဥက္ကဌ နဲ့ ဒုဥက္ကဌ အပါအဝင် ပါတီ ခေါင်းဆောင် ၅ ဦး ဟာ ရွေးကောက်ပွဲ မှာ ဝင်ရောက် ခြင်း မပြု ဖို့ ဆုံးဖြတ် ထားတာ ဖြစ်တယ် လို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲ မဝင်မယ့် သူတွေ ထဲ ပါဝင်တဲ့ SNLD ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှုး စိုင်းညွန့်လွင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် SNLD ပါတီ အနေနဲ့ ကတော့ မူလ ရည်မှန်းထားတဲ့ မဲဆန္ဒနယ် အားလုံး မှာ ဝင်ရောက် ယှဉ်ပြိုင် မှာ ဖြစ်တယ် လို့လည်း စိုင်းညွန့်လွင် က ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ မှာ SNLD အနေနဲ့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ကို အဓိက ထား ယှဉ်ပြိုင် သွားရဖို့ မျှော်လင့် ထားတယ် ဆိုပြီး စိုင်းညွန့်လွင် က ပြောပါတယ်။

အဓိက အတိုက်အခံ အင်အားကြီး ပါတီ အနေနဲ့ ရှုမြင်ထားကြ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကတော့ တိုင်းရင်းသား မိတ်ဖက် ပါတီ တွေ ရဲ့ ခေါင်းဆောင် တွေ ဝင် ရောက် ယှဉ်ပြိုင် မယ့် နယ် တွေ မှာ ရှောင်ပေးမယ် ဆိုပြီး ကမ်းလှမ်း ထားတာ ရှိပေမယ့် တကယ်တမ်း အသေးစိတ် ကိစ္စတွေ ကို တေ့တေ့ဆိုင်ဆိုင် မဆွေးနွေး ဖြစ်ကြသေးဘူး လို့ SNLD ပါတီ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ