အိန္ဒိယ​တပ်​တွေ မြန်မာ​နယ်​ထဲ​ထိ ဝင်​ပြီး စစ်​ရေး​ဆောင်ရွက်​နိုင်

  • 27 ဇူလိုင် 2015
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ၄ရက်ကြာ ခရီးစဉ် အဖြစ် အိန္ဒိယနိုင်ငံ မှာ ရောက်ရှိ နေပါတယ်။ အိန္ဒိယ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်၊ ဗဟို အစိုးရ ပြည်ထဲရေး ဝန်ကြီး အပါအဝင် ထိပ်တန်း အဆင့် ပုဂ္ဂိုလ်တွေ နဲ့ ဒေလီ မြို့တော် မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ ခဲ့တယ် လို့ Jane’s Defence weekly  ကာကွယ်ရေး မဂ္ဂဇင်းစာစောင် ရဲ့ ကာကွယ်ရေး ကျွမ်းကျင် သူ ရာဟူး ဘေဒီး က ပြောပါတယ်။ အိန္ဒိယ အနောက်မြောက်ပိုင်း က  မြန်မာ နယ်စပ် ဘက်ခြမ်းမှာ အခြေစိုက်နေ တဲ့ သူပုန်တွေကို အိန္ဒိယ စစ်တပ် က မြန်မာ ပိုင်နက် နယ်မြေထဲ ထိ လိုက်လံ တိုက်ခွင့် ပေးဖို့ နဲ့ အိန္ဒိယ-မြန်မာ နယ်စပ် မှာ မြန်မာတပ် တွေ ပိုပြီး ကြပ်ကြပ် မတ်မတ် ကင်းလှည့် စောင့်ကြပ်ပေးဖို့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ်  က သဘောတူ ခဲ့တယ် ဆိုပြီး ရာဟူး ဘေဒီး က ဆိုပါတယ်။ မြန်မာ အစိုးရ ဟာ တရုတ် ရဲ့ သြဇာ လွှမ်းမှု ကို လျော့ကျ သွားအောင် လုပ်လိုတဲ့ အတွက် အိန္ဒိယ နဲ့ ပါစစ်တပ်ချင်း ဆက်ဆံရေး ထူထောင် တာမျိုး ဖြစ်နိုင်တယ် လို့ မစ္စတာ ဘေဒီး က သုံးသပ် ပါတယ်။ အခု ခရီးစဉ် အတွင်း မှာ အိန္ဒိယ ဆီက နည်းပညာ မြင့် အမျိုး စား မဟုတ် တဲ့ လက်နက် တွေ ဝယ်ယူ နိုင်တယ် လို့လည်း မစ္စတာ ဘေဒီး က ခန့်မှန်း ပြောဆို ထား ပါတယ်။ ဓာတ်ပုံ မူပိုင် AP
Image caption အိန္ဒိယနဲ့ စစ်တပ်ချင်း ဆက်ဆံရေး ထားရှိခြင်း အားဖြင့် တရုတ်ရဲ့ သြဇာ လွှမ်းမှုကို လျော့ကျ သွားအောင် လုပ်လိုတဲ့ သဘော အဖြစ် သုံးသပ်နေ။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ၄ရက်ကြာ ခရီးစဉ် အဖြစ် အိန္ဒိယနိုင်ငံ မှာ ရောက်ရှိ နေပါတယ်။

အိန္ဒိယ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်၊ ဗဟို အစိုးရ ပြည်ထဲရေး ဝန်ကြီး အပါအဝင် ထိပ်တန်း အဆင့် ပုဂ္ဂိုလ်တွေ နဲ့ ဒေလီ မြို့တော် မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ ခဲ့တယ် လို့ Jane’s Defence weekly ကာကွယ်ရေး မဂ္ဂဇင်း ရဲ့ ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင် သူ ရာဟူး ဘေဒီး က ပြောပါတယ်။

အိန္ဒိယ အနောက်မြောက်ပိုင်း က မြန်မာ နယ်စပ် ဘက်ခြမ်းမှာ အခြေစိုက်နေ တဲ့ အိန္ဒိယ သူပုန်တွေကို အိန္ဒိယ စစ်တပ် က မြန်မာ ပိုင်နက် နယ်မြေထဲ ထိ လိုက်လံ တိုက်ခွင့် ပေးဖို့ နဲ့ အိန္ဒိယ-မြန်မာ နယ်စပ် မှာ မြန်မာတပ် တွေ ပိုပြီး ကြပ်ကြပ် မတ်မတ် ကင်းလှည့် စောင့်ကြပ် ပေးဖို့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် က သဘောတူ ခဲ့တယ် ဆိုပြီး ရာဟူး ဘေဒီး က ဆိုပါတယ်။

မြန်မာ အစိုးရ ဟာ တရုတ် ရဲ့ သြဇာ လွှမ်းမှု ကို လျော့ကျ သွားအောင် လုပ်လိုတဲ့ အတွက် အိန္ဒိယ နဲ့ စစ်တပ်ချင်း ဆက်ဆံရေး ထူထောင် တာမျိုး ဖြစ်နိုင်တယ် လို့ မစ္စတာ ဘေဒီး က သုံးသပ် ပါတယ်။

အခု ခရီးစဉ် အတွင်း မှာ အိန္ဒိယ ဆီက နည်းပညာ မြင့် အမျိုး စား မဟုတ် တဲ့ လက်နက် တွေ ဝယ်ယူ နိုင်တယ် လို့လည်း မစ္စတာ ဘေဒီး က ခန့်မှန်း ပြောဆို ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ