ထိုင်းဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ထိုး

  • 28 ဇူလိုင် 2015
airport bangkok ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် ခရီး အတွက်သာ ဗီဇာ ကင်းလွတ်

ထိုင်း-မြန်မာ ပြည်ဝင်ခွင့် ခရီးသွား ဗီဇာ ကင်းလွတ်ခွင့် ၁၄ ရက် အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တွေ ချင်းမိုင် မြို့မှာ အင်္ဂါ နေ့က လက်မှတ် ထိုး လိုက်ပြီ ဖြစ်ပါတယ်။

ဗီဇာ ကင်းလွတ်ခွင့် က လေယာဉ် ခရီးစဉ် အတွက် သာ ဖြစ်ပြီး နယ်စပ် အဝင်အထွက် ကတော့ ဗီဇာ ယူရ ဦးမှာ ဖြစ်ပါတယ်။

မြန်မာ ပြည် ဘက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နိုင်ငံတကာ လေဆိပ် ၃ ခုနဲ့ ထိုင်း နိုင်ငံ ဘက်က လေဆိပ် ၂၃ ခု ကနေ ဗီဇာ မလိုဘဲ ၂ ပတ် အပြန်အလှန် လည်ပတ် လို့ ရပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ် ကနေ ဘော်ဒါ ပတ်စ် နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် နဲ့ အလုပ် လုပ်ခွင့် နဲ့ အလည် အပတ် အတွက် ကိုလည်း ဆွေးနွေး နေပြီ လို့ ထိုင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ကြီး ဦးဝင်းမောင် က ပြော ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ