အကျဉ်းသား ၇၀၀၀ ခန့်ကို မြန်မာ လွှတ်ပေး

  • 30 ဇူလိုင် 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံ အနှံ့ အကျဉ်းထောင်တွေက အကျဉ်းသား ၇၀၀၀ ခန့်ကို လွှတ်ပေး။

မြန်မာနိုင်ငံမှာ အကျဉ်းသား ၇၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ လွှတ်ပေးလိုက်ပါတယ်။

အဲဒီအထဲမှာ သစ်ခိုးထုတ်မှုနဲ့ ပြီးခဲ့တဲ့ အပတ်ကမှ ထောင်ဒဏ် တစ်သက် ချခံထားရတဲ့ တရုတ် နိုင်ငံသား ၁၅၀ ကျော် ပါဝင်ပါတယ်။

သူတို့ကို မြစ်ကြီးနား ထောင်က လွှတ်ပေးပြီး ဒီကနေ့မှာပဲ တရုတ်နိုင်ငံကို ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ လွတ်လာသူတွေ အထဲမှာ စစ်ထောက်လှမ်းရေး အရာရှိအချို့လည်း ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူး ကိုယ်စားလှယ် ဟောလီးဝုဒ် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီဟာ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းကို ဒီကနေ့ ကြာသပတေးနေ့မှာ သွားရောက်ခဲ့ပါတယ်။ စခန်းထဲက အမျိုးသမီး အချို့ကို သီးသန့် တွေ့ဆုံခဲ့ပါတယ်။