ရေ​ဘေး​သင့်ဒေသတွေကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသ ကြေ​ညာ

hakha
Image caption မြို့ပြင် ထွက် လမ်းတွေ လည်း ပျက်ကုန် ကြပြီ ဖြစ်လို့ ဟားခါး တစ်မြို့လုံး ထောင်ကျ သလို ပိတ်မိ နေ။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို သဘာဝ ဘေး အန္တရာယ် ကျရောက် တဲ့ ဒေသတွေ အဖြစ် အစိုးရ က ကြေညာ လိုက်ပြီ ဖြစ်ပါ တယ်။

အဲဒီ့ ဒေသတွေ မှာ ရေကြီးမှု တွေ ကြောင့် လူတွေ အသက်ဆုံး ရှုံးခဲ့ရတဲ့ အထိ ဖြစ်နေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီ တွေ လိုအပ် နေပါတယ်။

ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း ၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် တွေ မှာလည်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး တွေ ဆောင်ရွက် နေရ တယ် လို့ အစိုးရ က ထုတ်ဖော် ကြေညာ ပါတယ်။

ချင်း ပြည်နယ် ဟားခါး မြို့ မှာ မိုးကြောင့် မြေပြို ကာ အနည်းဆုံး အိမ်ခြေ ၂၀၀ ပျက်စီး ခဲ့ရတယ် ဆိုပြီး စျေးသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး ဟန်ကစ် က ဘီဘီစီ ကို ပြောပါတယ်။

မြို့ပြင် ထွက် လမ်းတွေ လည်း ပျက်ကုန် ကြပြီ ဖြစ်လို့ ဟားခါး တစ်မြို့လုံး ထောင်ကျ သလို ပိတ်မိ နေရတယ် လို့လည်း ဦးဟန်ကစ် က ဆိုပါတယ်။

ဧရာဝတီ အနောက်ဘက် ကမ်း မုန်းချောင်း မန်းချောင်း နံဘေး က မြို့တွေ၊ ကျေးရွာ တွေ လည်း ရေမြုပ် နေပါတယ်။

အဲဒီ့ ဒေသ စေတုတ္တရာ မြို့ အနီး က ကြီးအုံကြီးဝ ဆည် မှာ ရောက်နေတဲ့ ဆည်မြောင်း အင်ဂျင်နီယာ တစ်ဦး က တော့ ချင်းတောင်က ကျလာတဲ့ ရေတွေ ကြောင့် ဆည် မှာ လှောင် နိုင်တဲ့ ရေပမာ ပြည့် လာတဲ့ အတွက် ရေပိုလွှဲ ကနေ မုန်းချောင်း ထဲ ကို ပြန် လွှဲ ပေးခဲ့ရတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဧရာဝတီ မြစ်ထဲ မှာ လည်း ရေကြီး နေတဲ့ အတွက် မုန်းရေ တွေ ဟာ မြစ်ထဲ ကို မစီး နိုင် ဖြစ်နေရ လို့ ချောင်းရေ လျှံ ပြီး မုန်းချောင်း ပတ်ဝန်းကျင် ရပ်ရွာ တွေ ရေမြုပ် ကုန် ရတာ ဖြစ်တယ် လို့ ရှင်း ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ