ကော့​မှူး ကြံ့​ခိုင်​ရေး အမတ်လောင်း လူ​ငယ်​ကို ရွေး

  • 31 ဇူလိုင် 2015
u_htay_oo ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ခိုင်ဖြိုး ထိပ်တန်း ခေါင်းဆောင် ဦးဌေးဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်

ကော့မှူး မြို့နယ် မှာ ပြည်သူ့ လွှတ်တော် နေရာ အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ယှဉ်ပြိုင် အရွေး ခံ မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ကိုယ်စားလှယ် ကိုကျော်ဇင်ဟိန်း က သူ ဟာ ကော့မှူး သား စစ်စစ် ဖြစ်ပြီး ဒေသ ကောင်းကျိုး လုပ်ဆောင် နေသူ တစ်ဦး ဖြစ်တဲ့ အတွက် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အနိုင် ရမယ် လို့ ယုံကြည် ကြောင်း ပြောပါတယ်။

၈၈ ကာလ တုန်းက ကိုကျော်ဇင်ဟိန်း ဟာ ၂ တန်း ၃ တန်း ကျောင်းသား အရွယ်သာ ရှိသေးတဲ့ အတွက် နိုင်ငံရေး အကြောင်း မသိခဲ့ သူ ဖြစ်ပေမယ့် အခု လက်ရှိ မှာတော့ ကော့မှူး မြို့ က ပြည်ခိုင်ဖြိုး ပါတီ တွဲဘက် အတွင်းရေး မှူး တစ်ယောက် အနေနဲ့ ဒေသ ကောင်းကျိုး ဆောင်ရွက် တာ ဟာ သူ့ရဲ့ နိုင်ငံရေး ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

သူဟာ ၂ဝဝ၁-၂ဝဝ၂ မှာ သမဝါယမ ဒီဂရီ ကောလိပ် ကနေ စီးပွားရေး ဘွဲ့ ရရှိ ထားသူ ဖြစ်ပါတယ်။

ပါတီ တာဝန် တွေ ကို အချိန်ပြည့် ယူ ထားရ သူ ဖြစ်တဲ့ အတွက် ကိုယ်ပိုင် စီးပွားရေး မလုပ် ကိုင် နိုင်ဘဲ ဇနီး ဖြစ်သူ ကတော့ ဖုန်းဆိုင် ဖွင့်ထား တယ် လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် မှာလည်း ကော့မှူး မြို့နယ် ဖွံ့ဖြိုး ရေး အတွက် လာရောက် ယှဉ်ပြိုင် ပေးသူ အဖြစ် ယုံကြည် ပါကြောင်း အန်တီစု ဆိုပြီး ခေါ်ဝေါ် သုံးစွဲ ကာ ဘီဘီစီ ကို ပြောပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ဟာ မကောင်းတာ ကို ဘာမှ မလုပ်၊ ကောင်းတာ ကိုပဲ လုပ်တယ်၊ မလုပ် ပေး နိုင်တာ ဘာမှ မပြော၊ လုပ်ပေး နိုင်တာကို ပဲ ပြောပြီး ဒေသ လိုအပ်ချက် တွေကို ဆောင်ရွက် ပေး တာ ဖြစ်ကြောင်း ကိုကျော်ဇင်ဟိန်း က ပါတီရဲ့ ရပ်တည်ချက် သဘောထား ကို ရှင်းပြ ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ