NLD ကိုယ်စားလှယ်လောင်း စာရင်းကို ဝေဖန်မှုတွေ ထွက်ပေါ်

  • 1 ဩဂုတ် 2015
_nld ဓာတ်ပုံ မူပိုင် AFP
Image caption NLD ပါတီ ရဲ့ ကိုယ်စားလှယ် လောင်း အမည် စာရင်း တွေကို ဩဂုတ်လ ၁ ရက် နေ့ က စပြီး ကြေညာ ပေး နေ။

၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ကိုယ်စားလှယ် လောင်း အမည် စာရင်း တွေကို ဩဂုတ်လ ၁ ရက် နေ့ က စပြီး ကြေညာ ပေး နေတာ မှာ ပါတီဝင် တွေ နဲ့ ပါတီ ကို အားပေး ထောက်ခံ သူ တွေ ရဲ့ တုန့်ပြန် ဝေဖန် မှု အဖုံဖုံ ထွက် ပေါ် နေ ပါတယ်။

ကိုယ် မျှော်လင့် ထားသူ ပါဝင် လာလို့ ဝမ်းသာ နေကြ သူတွေ ရှိ သလို သက်ဆိုင်ရာ မြို့နယ် နဲ့ တိုင်း အဆင့် ပါတီဝင် တွေ က ရွေးချယ် သူတွေ မဟုတ် ပဲ ပါတီ ဗဟို ကနေ ဆုံးဖြတ် ရွေးချယ် လိုက် သူ တွေ အပေါ် အပြင်း အထန် ဝေဖန် နေ ကြ သူ တွေ လည်း ရှိ နေပါတယ်။

ရန်ကင်း မြို့နယ် က NLD စည်းရုံး ရေးမှုး ဖြစ်တဲ့ ဦးမျိုးခင် ကတော့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် နေရာ အတွက် ဗဟို က ရွေးချယ် ပေးလိုက် သူ ၂ ဦး ဟာ ပါတီ ရဲ့ ကိုယ်စားလှယ် လောင်း အရည်အချင်း တွေ နဲ့ မကိုက် ညီ ပဲ နိုင်ငံရေး အတွေ့ အကြုံ မရှိ၊ စည်းရုံးရေး အတွေ့ကြုံ မရှိ သူတွေ ဖြစ်တဲ့ အတွက် ရန်ကင်းမြို့နယ် NLD အမာခံ လှုပ်ရှား နေသူ တွေ အဖို့ရာ စိတ်ဓာတ် ကျ သွားရ တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

လာမယ့် တနင်္လာ ဩဂုတ်လ ၃ ရက် နေ့ကျ ရင် ရန်ကင်း NLD ပါတီဝင် အယောက် ၄၀ ၀န်းကျင် လောက် ဟာ စုပေါင်း လက်မှတ် ထိုးပြီး ပါတီက နှုတ်ထွက် ကြောင်း နှုတ်ထွက် လွှာ ပို့မှာ ဖြစ်တယ် လို့လည်း ဦးမျိုးခင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ