လူသိန်းချီ ရေဘေးကြုံနေရ

  • 2 ဩဂုတ် 2015
flood ဓာတ်ပုံ မူပိုင် AP
Image caption အကူညီပေးရေး ပစ္စည်းတွေ လိုအပ်နေဆဲ

မြန်မာနိုင်ငံ တိုင်းဒေသကြီး ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒဏ် ခံစား နေရပြီး သိန်းနဲ့ချီတဲ့ လူတွေ ရေဘေး ဒုက္ခသည် ဖြစ် နေတယ် လို့ အစိုးရ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ကပြောပါတယ် ။

ရေကြီး ရေလျှံ မြေပြိုမှုတွေ ကြောင့် သေဆုံးသူ ထပ်တိုး လာနေတယ် လို့လည်း သိရပြီး ရခိုင် ပြည်နယ် ဘက်မှာ အသေအပျောက် ပိုများ နိုင်တယ် လို့လည်း သိရပါတယ် ။

ဒီနေ့အထိ မြန်မာ တနိုင်ငံ လုံး ရေကြီး မြေပြိုမှုတွေ ကြောင့် သေဆုံးသူ အရေ အတွက် ဟာ အစိုးရ အဖွဲ့တွေကနေ တဆင့် ရတဲ့ သတင်းတွေ အရ ၂၉ ဦး အထိ ရှိလာနေပါပြီ ။

ပျောက်ဆုံးနေသူ တွေ အများ အပြား လည်း ရှိပါတယ်။

အရေးပေါ် ဒေသ အဖြစ် အစိုးရ ကြေညာ ထားတဲ့ တိုင်းဒေသ ကြီးတွေ ဖြစ် တဲ့ ရခိုင် ချင်း စစ်ကိုင်းနဲ့ မကွေး တို့ မှာ သွားလာရ ခက်တဲ့ နေရာ တွေ ရှိနေပါတယ် ။

အနည်း ဆုံး မြန်မာနိုင်ငံ အနှံ့ မြို့ပေါင်း ၄ဝ ကျော် နဲ့ ကျေးရွာပေါင်း တထောင်ကျော် ရေဘေး ဒဏ် ခံ စားနေရပြီး နောက်ဆုံး ရတဲ့ သတင်းအရ မုံရွာမြို့ ဟာ ချင်းတွင်းမြစ် ရေလွှမ်းမယ့် အန္တရာယ် ကြုံ နေရသလို ဟင်္သာတ မြို့ ဟာ လည်း ရေကြီးမယ့် အလားလာ တွေ ရှိနေပါတယ်။

အစိုးရ ပုဂ္ဂလိက အကူ ညီပေးရေး အဖွဲ့ တွေ ရေဘေးသင့်ဒေသတွေ ကိုသွားပြီး မိမိ အစီအစဉ်တွေနဲ သွားနေကြ ပေမယ့် အကူညီပေးရေး ပစ္စည်းတွေ ဘယ်လောက် လိုအပ်တယ် ၊ ဘယ်နေရာ မှာ ဘာတွေ ရောက်နေပြီ ဆိုတဲ့ သတင်းအချက် အလက် ကို မရနိုင်တဲ့ အတွက် အခက် အခဲ တွေရှိနေတယ် လို့လည်း သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ