ကလေးမြို့ ရေဘေးဒုက္ခသည်တွေ အတွက် အစားအသောက်တွေ အဓိက လိုအပ်

  • 2 ဩဂုတ် 2015
myanmar_flood_kalay ဓာတ်ပုံ မူပိုင် AFP
Image caption ဆန် တစ်အိပ် ၇ သောင်းကျော် ဖြစ်နေလို့ ဝယ်မစား နိုင်ကြ သူ တွေ အတွက် ကယ်ဆယ်ရေး စခန်း တွေ မှာ ပဲ လာရောက် မှီခို စားသောက် နေကြရသူ တွေ လည်း ရှိ နေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ မှာ ရေ ပြန်ကျနေပြီ ဖြစ်လို့ ရေဘေး ဒုက္ခသည် စခန်း ထဲ က နေ ကိုယ့်အိမ့်ကိုယ် ပြန် နိုင်သူ တွေ တချို့ ရှိလာပြီ ဖြစ် ပေမယ့် တမြို့လုံး အတိုင်း အတာ အနေနဲ့ ဆန်စျေးကြီး မြင့်နေပြီး ဆေးဝါး နဲ့ ခြင်ထောင် လို ပစ္စည်း မျိုး တွေ လိုအပ် နေပါတယ်။

ကလေးမြို့မှာ ဆန် တစ်အိပ် ၇ သောင်းကျော် ဖြစ်နေလို့ ဝယ်မစား နိုင်ကြ သူ တွေ အတွက် ကယ်ဆယ်ရေး စခန်း တွေ မှာ ပဲ လာရောက် မှီခို စားသောက် နေကြရသူ တွေ လည်း ရှိ နေပါတယ်။

ရေဘေး ကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံ ကနေ စစ်ဆေးရုံ ကို ပြောင်းရွှေ့ ခဲ့ရတဲ့ လူနာ တွေ အတွက် လည်း လုံလောက် တဲ့ ကုသမှု နဲ့ ဆေးဝါး ပစ္စည်း မရရှိ နိုင် ဖြစ်နေရတယ် ဆိုပြီး ကလေးမြို့ အခြေစိုက် မောရိယတိုင်းမ် အယ်ဒီတာချုပ် ကိုငြိမ်းသူမင်း က ဘီဘီစီ ကို ပြောပါတယ်။

ချင်းတောင်ပေါ် နဲ့လည်း လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေပြီး ဆန်စျေး အနေနဲ့ ကလည်း တစ်အိပ် တစ်သိန်း ထိအောင် ဖြစ်နေပါတယ်။

ဖလမ်း နဲ့ ဟားခါး မြို့တွေ မှာလည်း အိမ် ပြိုမှု တွေ ဆက်ရှိနေပြီး တီးတိန် မြို့နယ် ထဲမှာ လည်း အိမ် ၂၀ ကျော် ပြိုကြောင်း ကြားသိရတယ် လို့ လို့ ကိုငြိမ်းသူမင်း က ပြောပါတယ်။

ဒုက္ခသည် တွေ အတွက် လောလောဆယ် အလိုအပ်ဆုံး ကတော့ အစားအသောက် ပဲ ဆိုပြီး ကိုငြိမ်းသူမင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ