NLD အမတ်လောင်းတွေကို ဗဟိုအလုပ်အမှုဆောင်တွေ စုံညီ အဆုံးသတ် ရွေးချယ်ခဲ့

_nld_meeting
Image caption လူ တစ်ဦး ချင်းစီ ကို ဘာကြောင့် မရွေးချယ် ခဲ့သလဲ ဆိုတဲ့ အကြောင်း ပြချက် တွေ ကို ထုတ်ဖော် မပြော နိုင်ဘူး ဆိုပြီး NLD ဗဟို အလုပ်အမှုဆောင် နဲ့ အောင်နိုင်ရေး ဗဟို အဖွဲ့ဝင် ဦး ဉာဏ်ဝင်း က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ထုတ်ပြန် ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်း တွေ နဲ့ ပတ်သက်ပြီး ပါတီ ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ ကနေ လျှောက်ထား လာသူ တွေ တစ်ဦးချင်းစီ ကို စဉ်းစား ဆွေးနွေး ခဲ့ပြီး မှ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ် လို့ NLD ပါတီ က ပြောပါတယ်။

ဩဂုတ် လ ၁ ရက် နေ့ စနေ နေ့ တုန်း က NLD ကနေ ကိုယ်စားလှယ်လောင်း ၁ ထောင် ကျော် စာရင်း ကို ထုတ်ပြန် ခဲ့ပြီး နောက်မှာ ပါတီဝင် တွေ နဲ့ ပါတီ ကို ထောက်ခံ အားပေး သူတွေ အကြား တုန့်ပြန် ဝေဖန် မှု တွေ အမျိုးမျိုး ဖြစ် ပေါ် လာခဲ့ ပါတယ်။

ဗဟို ရဲ့ ရွေးချယ် မှု ကို သဘော မကျ လို့ ဆိုပြီး ပါတီ က နှုတ်ထွက် မယ် လို့ ပြောလာ သူတွေ ရှိသလို ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း က နာမည်ကြီး တချို့ နဲ့ အခုနှစ် ပိုင်း တွေ အတွင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ထဲ ဆောင်ရွက် ချက် တွေကြောင့် လူအများ သတိ ထား မိလာကြတဲ့ ဒေါက်တာ ညိုညိုသင်း တို့ NLD ကိုယ်စားလှယ်လောင်း စာရင်း ထဲ မပါဝင် ခဲ့တဲ့ အပေါ် လူ အများကြား အတော်လေး ဝေဖန် ပြောဆို လာကြ ပါတယ်။

လူ တစ်ဦး ချင်းစီ ကို ဘာကြောင့် မရွေးချယ် ခဲ့သလဲ ဆိုတဲ့ အကြောင်း ပြချက် တွေ ကို ထုတ်ဖော် မပြော နိုင်ဘူး ဆိုပြီး NLD ဗဟို အလုပ်အမှုဆောင် နဲ့ အောင်နိုင်ရေး ဗဟို အဖွဲ့ဝင် ဦး ဉာဏ်ဝင်း က ဘီဘီစီ ကို ပြောပါတယ်။

ကိုယ်စားလှယ် လောင်း အဖြစ် လျှောက် ထားလာ သူတွေ ကို သက်ဆိုင်ရာ မြို့နယ် နဲ့ တိုင်း အသီးသီး ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ တွေ က စိစစ်ပြီး ဗဟို ကို တင်သွင်း တာဖြစ်ပြီး၊ အဲဒီ့ သူတွေကို လွတ်လပ်တဲ့ အကဲဖြတ် လူကြီး ၃ ဦး ဆီ တခါ ပို့ ပြီး သဘောထား မှတ် ချက် ရယူ ခဲ့တယ် လို့ ဦး ဉာဏ်ဝင်း စိစစ်ပုံ လုပ်ငန်း စဉ် ကို ရှင်းပြ ပါတယ်။

အဆုံး သတ် အနေ နဲ့ ပါတီ ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ ကနေ အဆုံးသတ် ဆုံးဖြတ် ပေး ခဲ့တာ ဖြစ်တယ် လို့ ဦး ဉာဏ်ဝင်း က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး NLD ဟာ ၈၈ ငြိမ်းပွင့် အဖွဲ့ နဲ့ ကြား ဆွေးနွေး ခဲ့ကြ တာတွေ တော့ ရှိပေမယ့် တိတိကျကျ သဘောတူညီမှု တစုံတရာ တော့ ရှိမထား ဘူး ဆိုပြီး ဦး ဉာဏ်ဝင်း က ပြောပါတယ်။

အခု ရွေးချယ် ထားသူ တွေ ထဲ မှာ တိုင်းရင်းသား တွေ ထဲ က ဦးစားပေး ရွေးချယ် ခဲ့ သလို အမျိုးသမီး ၁၄% ဝန်းကျင် လည်း ပါဝင် တယ် လို့ ဦးဉာဏ်ဝင်း က ဆိုပါတယ်။

NLD ရဲ့ ကိုယ်စားလှယ် လောင်း စာရင်း ထဲ မှာ တပ်မတော် က ဗိုလ်မှုးချုပ် အဆင့် အရာရှိဟောင်း တစ်ဦး ပါဝင် လာတာ တော့ တွေ့ ရပါတယ်။

ကိုယ်စားလှယ် လောင်း စာရင်း အဆုံးသတ် စာရင်း တင်သွင်းဖို့ ဩဂုတ် လ ၈ ရက် နေ့ နောက်ဆုံး သတ်မှတ် ထားပေမယ့်လို့ လတ်တလော ဖြစ်ပေါ် နေတဲ့ ရေဘေး ကြောင့် အထူး သဖြင့် ရခိုင် ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း တို့ မှာ တင်သွင်း နိုင်ဖို့ ခက်ခဲ နေတယ် လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ