အမတ်​လောင်း​အဖြစ် ဘာ​လို့ မ​ရွေး​သလဲ NLD ဗဟို​ကို မေးခွန်း​ထုတ်

  • 3 ဩဂုတ် 2015
assk_nld_party_meeting_ ဓာတ်ပုံ မူပိုင် AFP
Image caption NLD ပါတီ ဘက် ကနေ သူတို့ ပါတီ ရဲ့ ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက် ဖို့ ကမ်းလှမ်း ခဲ့တာ ဖြစ်တယ် လို့ ဒေါက်တာ ညိုညိုသင်း က ထုတ်ဖော် ပြော။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်း အဖြစ် အရွေးချယ် မခံ ခဲ့ရတာ နဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်မှုဆောင် ကော်မတီ CEC ကို စာတင်ပြီး မေးခွန်း ထုတ်ထား တယ်လို့ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အမတ် ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

ဗဟန်း မြို့နယ် နဲ့ ရန်ကုန် တိုင်း အဆင့် NLD အမှုဆောင် တွေ နဲ့ အောင်နိုင်ရေး ကော်မတီ ဝင် တွေ ရဲ့ ရွေးချယ် လျာထားတာ ကို ခံခဲ့ရပြီး မှ ဗဟို ကနေ ပယ်ချ ခဲ့တာ ဖြစ်တဲ့ အတွက် အခုလို NLD ရဲ့ CEC အဖွဲ့ဆီက အကြောင်းပြ ချက် တောင်းခံ ရတာ ဖြစ်တယ် ဆိုပြီး ဒေါက်တာ ညိုညိုသင်း က ဘီဘီစီ ကို ပြောပါတယ်။

ဇူလိုင် ၂၀ ရက် နေ့ မှာ ပြုလုပ် ခဲ့တဲ့ NLD ပါတီ ရဲ့ ဗဟန်းမြို့နယ် အစည်းအဝေး မှာ ကိုယ်စားလှယ် လောင်း ရွေးချယ် ဖို့ လျှို့ဝှက် မဲခွဲ ဆုံးဖြတ် ကြတုန်း က သူဟာ ပြိုင်ဘက်ကို ၁၂မဲ ၅ မဲ နဲ့ အနိုင်ရ ခဲ့တာ ဖြစ်ပြီး NLD က ချမှတ် ထားတဲ့ ရွေးချယ် ရေးမူ တွေ နဲ့ ကိုက်ညီသူ ဖြစ်တယ် လို့ ဒေါက်တာ ညိုညိုသင်း က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ အင်အားစု တွေ အားလုံး ညီညီညွတ်ညွတ် နဲ့ ဖြတ်သန်း ကြမယ် ဆိုပြီး NLD ပါတီ ဘက် ကနေ သူတို့ ပါတီ ရဲ့ ကိုယ်စားလှယ် လောင်း အဖြစ် ဝင်ရောက် ဖို့ ကမ်းလှမ်း ခဲ့တာ ဖြစ်တယ် လို့ ဒေါက်တာ ညိုညိုသင်း က ထုတ်ဖော် ပြော ပါတယ်။

ဒါ့အပြင် သူဟာ NLD ပါတီ စတင် ထူထောင် ကာစ အချိန် မှာ မြို့နယ် လူငယ် တာဝန်ခံ အနေနဲ့ လှုပ်ရှား ခဲ့သူ ဖြစ်တာ ကြောင့် NLD အပေါ် မိခင်ပါတီ အဖြစ် သဘောထားသူ ဖြစ်တယ် လို့လည်း ဒေါက်တာ ညိုညိုသင်း က ဆိုပါတယ်။

NLD ပါတီ က အခုလို ကိုယ်စားလှယ်လောင်း အဖြစ် မရွေးချယ်ခဲ့တဲ့ နောက်ပိုင်း မှာ ရွေးကောက်ပွဲ ကို တသီး ပုဂ္ဂလ အမတ် အဖြစ် ဝင်ရောက် မလား ဆိုတာ ကို မဆုံးဖြတ် ရသေးဘူး လို့ ဒေါက်တာ ညိုညိုသင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ