ရေကြီးမှုနဲ့ အတူ ဆန်စျေးတွေ တက်လာနေ

  • 3 ဩဂုတ် 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဆန်ဈေးကို ထိန်းနိုင်အောင် ဆန် ကုန်သည် အသင်းနဲ့ ဆန်စပါး အသင်း ချုပ်တို့က စတင် ဆောင်ရွက်ပြီ

ရေကြီးတဲ့ ဒေသမှာ ဆန် တစ်အိတ်ကို သောင်းချီ ဈေးတက် သွားတယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။ ဆန်ကို အဓိက ဖြန့်နေတဲ့ ရန်ကုန် မှာတော့ ဆန် တစ်အိတ် ကို ၂ ထောင်ကျော် လောက်တက် သွားပါတယ်။

စိုက်ပျိုး ဧက ၁ သန်းနီး ပါးလောက် ရေမြုပ် သွားတဲ့ အကြောင်း လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွဋ်က ပြောပါတယ်။

ဆန်ဈေးကို ထိန်းနိုင်အောင် အတွက် ကိုတော့ ဆန် ကုန်သည် အသင်းနဲ့ ဆန်စပါး အသင်း ချုပ်တို့က စတင် ဆောင်ရွက်ပြီ ဖြစ်ပါတယ်။

ဆန်ဈေး မတက်အောင်၊ လိုသလောက် ထုတ်ရောင်းပေး သွားမယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော်က ပြောပါတယ်။

မြန်မာ နိုင်ငံ မှာက တစ်နှစ်ကို စပါး စိုက်ဧက သန်း ၂၀ ကျော် ရှိတာ ကြောင့် ဆန် ပြတ်လပ် စရာ အကြောင်း မရှိတဲ့ အတွက်၊ ဆန်ဈေး တက်အောင် ဆန် စုဆောင်း ဝယ်တာမျိုး မလုပ်ဖို့ ကို ဆန် ကုန်သည် အသင်း ဒေါက်တာ မျိုးအောင်ကျော်က ပြောပါတယ်။

ရေပြန် ကျပြီးရင် အချိန်မီ စပါး ပြန်စိုက် နိုင်ဖို့ အတွက် ကိုလည်း မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် ကနေ အကူ အညီ ပေးဖို့ကို စတင် ဆောင်ရွက် နေပြီလို့ ဆန်စပါး အသင်းချုပ် ဗဟို အလုပ် အမှုဆောင် ဦးသောင်းဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ