ကလေးမှာ ရေနည်းနည်း ပြန်ကျ

  • 5 ဩဂုတ် 2015
kalay ဓာတ်ပုံ မူပိုင် Aungthu Kalay
Image caption ရေဘေးဒဏ် ဆိုးရွားစွာ ခံစားရတဲ့ ကလေး

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့ မှာ ရေအနည်းငယ် ပြန်ကျ ပေမယ့် နေရာ အတော် များများမှာ ရေတွေ မြုပ်နေပါသေး တယ်။

ဒေသခံတွေ လည်း အခက်အခဲ တွေ အမျိုးမျိုး ရှိနေ ကြပါတယ်။

ရွာတချို့ ရေမြုပ်ပြီး အခြေအနေ ဆိုးနေဆဲ ဖြစ်ပါတယ်။

ရေ ၂ ပတ်လောက် နစ်မြုပ်ခဲ့လို့ စပါးတွေ ပျက်စီး ကြပါတယ်။

တချို့လည်း ပစ္စည်း မသယ်နိုင်ဘဲ ပြေးခဲ့ကြရတာပါ။

ရေကျသွားတဲ့ ကလေးမြို့မှာလည်း နုန်းတွေ တပေ လောက် တင်ကျန် ခဲ့လို့ အိမ်တွေမှာ ပြန်ဝင် နေဖို့ ခက်နေ ပါတယ်။

Image caption သောက်ရေ သုံးရေနဲ့ ထင်းက အစ အခက်တွေ့

ကလေးမြို့ မှာ သွားလာရေး တွေ ခက်ခဲနေတုန်း ဖြစ်ပြီး ကုန်ပစ္စည်း ဈေးတွေ တက်နေ ပါတယ် ။ ဆန်တအိတ် ၆ သောင်း လောက် ဖြစ်နေ ပါတယ် ။

စက်သုံးဆီ ပြတ် နိုင်တယ် လို့လည်း ကလေးကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေ မှာလည်း အခက်အခဲ ရှိကြတယ် လို့ သိရပါတယ်။

လောလောဆယ် ကလေးကို လေယာဉ် လမ်းပဲ ပွင့်ပါသေးတယ်။

ရခိုင် အခြေအနေ

ရခိုင် ပြည်နယ် မင်းပြားမြို့နယ် က နားပဲချောင်း ကျေးရွာမှာ လူ ၆ဝ ကျော် ဖျားနေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်နေတာက သုံး လေးငါး ယောက် ရှိနေပါတယ်။

သူတို့ အတွက် ဆေးဝါး အကူအညီ မရရှိဘူး လို့ သိရပါတယ်။

တခြား ငရမ၊ ဝင်းစား စတဲ့ ရွာတွေ မှာတော့ ဆန် ၅ အိတ်က လွဲလို့ ဘာ အကူအညီမှ မရဘဲ ဖြစ်နေကြတယ် လို့ ဆိုပါတယ်။

ရသေ့တောင် မြို့နယ် ကျုံးပြင်မှာလည်း အိမ် ၆၅ လုံး မုန်တိုင်းကြောင့် ပျက်စီးပြီး အစိုးရ ဆီက ဘာမှ အကူအညီ မရဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ