ရေဘေး အပျက်အစီး ကြက်ခြေနီ စာရင်းကောက်

  • 8 ဩဂုတ် 2015
flood ဓာတ်ပုံ မူပိုင် Reuters
Image caption အောက်ပိုင်း ဒေသ ရေကြီးမှုတွေ ကြုံနေရဆဲ

မြန်မာ နိုင်ငံ အနှံ့အပြား ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် ရေဘေးသင့် ဒေသ တချို့ ရဲ့ ပျက်စီး ဆုံးရှုံးမှုတွေကို ကြက်ခြေနီ အသင်း က စာရင်း စစ်တမ်း ကောက်ခံ နေပါတယ်။

ကောလင်း၊ ပွင့်ဖြူ ၊ စေတုတ္ထရာ၊ မင်းပြား စတဲ့ ရေဘေးသင့် ဒေသ တွေမှာ လိုက်လံ ကောက်ခံခဲ့တာ ဖြစ်ပြီး ဒီစာရင်းတွေ ကို ထူထောင်ရေး လုပ်ငန်းတွေ မှာ အသုံးချ သွားမယ်လို့ ကောလင်းဘက်ကို ရောက်နေတဲ့ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းက အဖွဲ့ တာဝန်ခံ တဦး က ပြောပါတယ်။

ဟားခါးနဲ့ ကလေး ဒေသ အပျက်အစီး တွေကို အချိန်မီ ကောက်ခံမှု တွေ မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကောလင်းဘက်မှာ အသေအပျောက် အပျက်အစီး ကြီးကြီးမားမား မရှိသလို ရောဂါ ဖြစ်ပွားမှု နည်းတယ် လို့လည်း ဆိုပါတယ်။

အိမ်နဲ့ လမ်းတံတားတွေ၊ စပါးတွေ ရေစို ပျက်စီးတာ တွေ ရှိပြီး စိုက်ပျိုးရေး ရာသီ အတွက် အစိုးရက မျိုးစေ့ ထောက်ပံ့မှုတွေ တဝက်လောက် ပေးမယ် လို့ သိရပါတယ်။

ကြက်ခြေနီက ကောက်ခံရတဲ့ စာရင်းတွေကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ချုပ်နဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ တောင်းခံ သွားမယ်လို့ သိရပါတယ်။

အထက်ပိုင်းမှာ ရေပြန်ကျ လာပေမယ့် မြန်မာနိုင်ငံ အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေနဲ့ ကရင်ပြည်နယ် ဒေသတွေမှာ ရေကြီး ရေလျှံမှုတွေနဲ့ စိုးရိမ် ရေမှတ် ရောက်နေတဲ့ တာရိုး အခြေအနေ စောင့်ကြည့်နေရမှု တွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ