ပါတီဝင်တွေ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

  • 9 ဩဂုတ် 2015
dassk_nld_cec_meetin ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ကြိုးစား မယ့် အကြောင်း မင်းဘူး ဒေသခံတွေကို ကတိကဝတ် ပြု။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကနေ ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း စာရင်း ဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ခြင်းစီ အပေါ်မှာ မူတည်တာ မဟုတ်ပဲ ပါတီ အောင်နိုင်ရေး အတွက်သာ ဦးတည် လုပ်တာ ဖြစ်တဲ့ အတွက် ပါတီဝင် အားလုံး ညီညီညွတ်ညွတ် နဲ့ ဝိုင်းဝန်း ကြဖို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း လိုက်ပါတယ်။

မကွေးတိုင်း မင်းဘူး မြို့ မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဩဂုတ်လ ၉ ရက် တနင်္ဂနွေ ညနေ ပိုင်းမှာ ဒေသခံ ပါတီဝင် တွေ နဲ့ သီးသန့် တွေ့ဆုံတုန်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင် ရက် တွေ က ရေကြီး ခဲ့တဲ့ ဧရာဝတီ အနောက်ဘက်ကမ်း မုန်းချောင်း မန်းချောင်း ပတ်ဝန်းကျင် ဒေသတွေ ဖြစ်တဲ့ ပွင့်ဖြူ နဲ့ စေတုတ္တရာ မြို့နယ် တွေ ထဲ ထိ သွားပြီး ရေဘေးသင့် ပြည်သူတွေ ကို တွေ့ဆုံဖို့ မင်းဘူးမြို့ ကို ဒေါ်အောင်ဆန်းစု ကြည် ရောက် လာတာ ဖြစ်ပါတယ်။

မင်းဘူး မှာ ဒေသခံ ပြည်သူ တွေ နဲ့ တွေ့ဆုံတုန်း မှာလည်း မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် သူကြိုးစား မယ့် အကြောင်း ကတိကဝတ် ပြုခဲ့သလို ပြည်သူတွေ အနေနဲ့လည်း NLD ပါတီ အပေါ် ထောက်ခံ အားပေး ကြဖို့ ပြောကြားခဲ့ ပါတယ်။

ဩဂုတ်လ ၁၀ ရက် တနင်္လာနေ့ မှာ ရေဘေးသင့် အရပ် တွေ ဆီကို ခရီး ဆက်တဲ့ အခါ ပထမ ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာ ဘုရားမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အနေနဲ့ လှူဒါန်း တဲ့ ဆန်အိတ် တွေကို ရေဘေးသင့် ခံ ခဲ့ရတဲ့ ပြည်သူတွေ ထံ ပေးအပ် သွားမှာ ဖြစ်ပြီး၊ နောက် စေတုတ္တရာ မြိုနယ် ထဲထိ လည်း ခရီးဆက် မယ် လို့ မကွေးတိုင်း NLD အတွင်းရေးမှုး ကိုနေမျိုးကျော် က ဘီဘီစီ ကို ပြောပါတယ်။

မကွေးတိုင်းထဲ က ရေဘေးသင့် ပြည်သူတွေ ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကနေ ဆန်အိတ် ၁၅၀၀ လှူဒါန်း မယ်လို့လည်း ကိုနေမျိုးကျော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ