ဒုတိယဗိုလ်ချုပ်ကြီးတချို့အငြိမ်းစားယူခွင့်ပြု

  • 10 ဩဂုတ် 2015
_burma_military_ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ့ တပ်မတော်

ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ ရေတပ်ဦးစီးချုပ် တို့ကို တပ်မတော်ကနေ အငြိမ်းစား ယူခွင့်ပြုလိုက်ပါတယ်။

အနားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) တာဝန် ထမ်းဆောင်နေသော ကစထမှူး ( ၁) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ကစထမှူး ( ၂ ) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ကစထမှူး ( ၃ ) ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး ကစကမှူး (၄) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နှင့်စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့် ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရသက်ဆွေ တို့ ဖြစ်ပါတယ်။

လစ်လပ်သွားသော ဒုတိယဗိုလ်ချုပ်ကြီးများနေရာများမှာ

ကစထမှူး ( ၁ ) နေရာအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ကစထမူး ( ၂ ) နေရာ အား တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကစထမူး ( ၃ )နေရာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော နှင့် ကစထမူး ( ၄ ) နေရာ ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင် တို့ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့် ခန့်လိုက်ပြီး တာဝန် ပေးအပ် လိုက်ကြာင်း တပ်မတော် နဲ့ နီးစပ်သူတွေက တဆင့် သိရပါတယ်။

စစ်ရာထူးခန့်ချုပ်နေရာ အား အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လူအေး ( နတခ တိုင်းမှူး )၊ လေ့ကျင့်ရေး အရာရှိချုပ်ရာထူး အား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ်ရာထူး အား စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်ဆန်း နှင့် အစားထိုးခန့်လိုက်ပြီး အခုအနားပေးလိုက် တဲ့ တပ်မတော်အရာရှိကြီးတွေဟာ မကြာခင် အသက် ၆၀ ပြည့် မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေဟာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကိုကိုးကျွန်းမြို့နယ် က ဝင်ရောက်အရွေးခံ မှာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို စစ်ကိုင်းတိုင်း ဝန်းသိုမြို့ နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကို ရှမ်းပြည်နယ် လောက်ကိုင် မဲဆန္ဒနယ်က ဝင်ပြိုင် ဖို့ လျာထားတယ် လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။