အန်အယ်လ်ဒီနဲ့ အမတ်လောင်း ရွေးချယ်မှု

  • 10 ဩဂုတ် 2015
Image caption မှားယွင်းတဲ့ ဆုံး ဖြတ်ချက် ဖြစ်တယ်လို့ အရင် အန်အဲလ်ဒီ ဦးဆောင်မှု အပိုင်းမှာ ပါဝင် ခဲ့ဖူးသူ ဦးနိုင်းနိုင်းက ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ကနေ ၂၀၁၅ ရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ရွေးချယ် ရာမှာ အများထင် သလို မဟုတ်ဘဲ၊ ၈၈ ငြိမ်းပွင့် က ဦးကိုကိုကြီး အပါ အဝင် ခေါင်းဆောင် တွေနဲ့ တခြား အထင် ကရ ပုဂ္ဂိုလ်တွေ မပါ တာကို တွေ့ရ ပါတယ်။

အခုလို ရွေးချယ် မှုဟာ မှားယွင်းတဲ့ ဆုံး ဖြတ်ချက် ဖြစ်တယ်လို့ အရင် အန်အဲလ်ဒီ ဦးဆောင်မှု အပိုင်းမှာ ပါဝင် ခဲ့ဖူးသူ ဦးနိုင်းနိုင်းက ပြောပါတယ်။

အကြောင်း ကတော့ ၈၈ မျိုးဆက်နဲ့ တခြား သူတွေကို ဖိတ်ခေါ် မလို လက်ကမ်း မလို နဲ့ လက်ကာ လိုက်တာ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ပုဂ္ဂိုလ်တွေ ပါမယ် ဆိုရင် အန်အဲလ်ဒီ အတွက် ကြီးမားတဲ့ အရှိန် အဝါ အောင်မြင် မှုကို ရမှာ ဖြစ်ကြောင်း ကိုလည်း ဦးနိုင်းနိုင်း က ပြောပါတယ်။

ရွေးကောက်ပွဲမှာ တရားနည်းလမ်း ကျ အနိုင်ရဖို့ သာ အရေးကြီးပြီး နည်းနာ အရ သဘော ထား ပျော့ပျော့ ပြောင်းပြောင်း သွားဖို့ ဆိုတာ သိပ် အရေး မကြီး ဘူးလို့လည်း သူက ပြောကြား သွားပါတယ်။

ဦးနိုင်းနိုင်းဟာ လွှတ်တော် ပြင်ပ လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရဲ့ နာယက အဖြစ် ဆောင်ရွက် နေသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ