တပ်​မတော်​အရာရှိ​ဟောင်း​တွေ ပါ​တီ​မူ​အတိုင်း လိုက်​နာရမယ်

  • 11 ဩဂုတ် 2015
_usdp_party_conferenc ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၂ ပါတီညီလာခံ ကတည်းက ပြည်သူ့ပါတီ အဖြစ်ကို ကူးပြောင်းပြီး ဖြစ်လို့ ပြည်သူ ပြည်သား အကျိုးကိုသာ ဦးထိပ် ထားမှာ ဖြစ်တယ် ဆိုပြီး ဦးလှသိန်းဆွေ က ပြောပါတယ်။

တပ်မတော် အရာရှိကြီးတွေ အငြိမ်းစား ယူပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ကို ကူးပြောင်း လာတဲ့ အခါ ပါတီ ရဲ့ မူဝါဒ နဲ့ ချမှတ် ထားတဲ့ သဘောထား လမ်းစဉ် တွေ ကို ခံယူ ကျင့်သုံး သွားရမှာ ဖြစ်တယ် ဆိုပြီး ကြံ့ခိုင်ရေး ပါတီ ရဲ့ ခေါင်းဆောင် တစ်ဦး က ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဟာ တပ်မတော် က ဖွဲ့စည်း ပေးခဲ့တဲ့ အသင်းကနေ ကူးပြောင်း ဖွဲ့စည်း ထားတာ ဖြစ်တဲ့ အတွက် တပ်နဲ့ ကင်းကွာလို့ မရ တသားတည်းပဲ ဖြစ်တယ် လို့လည်း ပါတီ ရဲ့ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းဆွေ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် တပ်မတော် ထိပ်တန်း အရာရှိ ကြီးတွေ ရော အရာရှိ ငယ်တွေ ရော လာမယ့် ၂၀၁၅ ရွေး ကောက်ပွဲ ကို ကြံ့ခိုင်ရေး ပါတီ ကနေ ဝင်ချင်ရင် လက်ခံမယ် ဆိုပြီး ကမ်းလှမ်း ခဲ့ကြောင်း ဦးလှသိန်းဆွေ က ဆိုပါတယ်။

ရောက် ရှိ လာကြတဲ့ စစ်ဘက် အရာရှိ ဟောင်း တွေ ဟာ ဘယ် မဲဆန္ဒနယ် ကနေ ဝင်မယ် ဆိုတာ ကို တပ် ကနေ တပါတည်း ရွေးချယ် ပေးလိုက် တာ ဖြစ်ကြောင်း လည်း ဦးလှသိန်းဆွေ က ပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ ဒေသခံ ပါတီ အဖွဲ့ ဝင် တွေ နဲ့ ညှိနှိုင်းပြီး မှ မဲဆန္ဒနယ် ကို အတည်ပြုတာ ဖြစ်ကြောင်း လည်း ဦးလှသိန်းဆွေ က ပြောပါတယ်။

ဒါ့ကြောင့် ကယားပြည်နယ် ထဲ မှာဆို တပ်မတော် က အမည်စာရင်း ပေးလာတဲ့ တပ်ရင်းမှုး အဆင့် အရာရှိ ၇ ဦး ကို ဒေသခံ တွေ ရဲ့ သဘောတူ ညီမှု မရ လို့ လက်မခံ ခဲ့ ဘူး ဆိုပြီး ဦးလှသိန်းဆွေ က ပြောပါတယ်။

လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ဖြစ်တဲ့ ဦးစိုးသိန်း နဲ့ ဦးအောင်မင်း တို့ကို ကြံ့ခိုင်ရေး ပါတီ က ၂၀၁၅ ကိုယ်စားလှယ်လောင်း တွေ အဖြစ် လက် မခံ ဘူး ဆိုပြီး ပေါ်ထွက် ခဲ့တဲ့ သတင်းတွေ နဲ့ ပတ်သက်လို့လည်း ဦးလှသိန်းဆွေ က ဒေသခံ တွေ နဲ့ သဘောတူမှု မရ တဲ့ အတွက် မဲဆန္ဒနယ် ရွှေ့ပြောင်းပြီး ဝင်ရောက် ဖို့ အကြံပြု ထားသာ ဖြစ်တယ် လို့ ဦးလှသိန်းဆွေ က ရှင်းပြ ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ တပ် က အနားယူ ပြီး ရောက်လာတဲ့ ဗိုလ်ချုပ်ကြီး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် တွေ က ရွေးချယ် ထားတဲ့ မဲဆန္ဒနယ် တွေ နဲ့ ပတ်သက် လို့တော့ အခက်အခဲ တစုံတရာ ရှိကြောင်း ဦးလှသိန်းဆွေ က မပြောဆို ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ