ဧရာဝတီအောက်ပိုင်းမှာ ရေဆက်ကြီးနေ

  • 14 ဩဂုတ် 2015
သာပေါင်း၊ ပုသိမ်၊ ပန်းတနော်စတဲ့မြို့နယ်တွေမှာ ဓာတ်ပုံ မူပိုင် AP
Image caption ဒီရေအတက်နဲ့ မြစ်ရေကြီးတာ ဆုံလို့ ရေကြီးလာ

ရေကြီးနေတဲ့ ဧရာဝတီတိုင်း မြို့နယ် ၁၉ မြို့နယ်မှာ ရေကျလာတာတွေ ရှိပေမယ့် အောက်ပိုင်း ဒေသဖြစ်တဲ့ သာပေါင်း၊ ပုသိမ်၊ ပန်းတနော်စတဲ့မြို့နယ်တွေမှာ ရေပိုကြီးနေပါတယ်။

ပုသိမ်မြို့နယ်မှာ သောကြာနေ့က ကယ်ဆယ်ရေးစခန်း ၅ ခု ထပ်တိုးလာပြီး အခုဆိုရင် ကယ်ဆယ်ရေး စခန်းပေါင်း ၃၉ ခုရှိသွားဖြစ်တယ်လို့ ပုသိမ်မြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ရေပြန်ကျစပြုတဲ့နေရာတွေ ရှိပေမယ့် ကျေးရွာအုပ်စု ၇၀ လောက်ထဲမှာ ၆၀ လောက်က ရေမြုပ်နေဆဲလို့ ဧရာဝတီတိုင်း လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးဝင်းသိန်းက ပြောပါတယ်။ အကူအညီတွေ လိုနေဆဲလို့ သူက ပြောပါတယ်။

အခုရက်ပိုင်းမှာ ပင်လယ်ရေ ထရက်နဲ့ဆုံနေပြီး ဧရာဝတီ မြစ်အပေါ်ပိုင်းက ရေကလည်း ကျလာနေတာကြောင့် ဧရာဝတီအောက်ပိုင်း ရေကြီးနေတာက လွယ်လွယ်နဲ့ကျဖို့ မရှိသေးဘူး။

ဧရာတီတိုင်းတခုလုံးမှာ ၂၆ မြို့နယ်ရှိတဲ့အထဲက ၁၉ မြို့နယ်မှာ ရေကြီးနေဆဲပဲလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေးဒုက္ခရောက်သူ ၁၅ သိန်းနီးပါးရှိပြီးတော့ သေဆုံးသူက ၁၀၆ ဦးရှိတယ်လို့ ဒေါ်ဖြူလဲ့လဲ့သိန်းက ပြောပါတယ်။