အာဏာ​ရ​ပါ​တီ အကွဲ​အပြဲ​အပေါ် ကျန်​ပါ​တီ​တွေ စိုးရိမ်​နေ

thein_sein ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဦးသိန်းစိန် က စစ်တပ်ကို ကျောထောက် နောက်ခံ ပြုပြီး အာဏာကို ပိုမို ဆုပ် လာတဲ့ သဘော ဆိုရင် တော့ ကြံ့ခိုင်ရေး ပါတီတွင်း အကွဲအပြဲ ဆိုတာ မျိုးထက် ကျော်လွန် ပြီး မြန်မာ နိုင်ငံ မှာဒီမိုကရေစီ စနစ် ထွန်းကား ဖို့ လုပ်ဆောင် နေတဲ့ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် တွေ အပေါ် မှာ ထိခိုက် လာနိုင်။

လက်ရှိ ဖြစ်ပေါ် နေတဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ တွင်း အကွဲအပြဲ ဟာ မြန်မာ့ နိုင်ငံရေး အပေါ် ဆိုးကျိုးတွေ သက်ရောက် လာနိုင် တယ် ဆိုပြီး နိုင်ငံရေး ပါတီ တွေ က စိုးရိမ် နေကြ ပါတယ်။

သူရ ဦးရွှေမန်း ကို ကြံ့ခိုင်ရေးပါတီ ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကနေ ဖယ်ရှား လိုက်တာ ဟာ ဘယ်သူ အာဏာ ချုပ်ကိုင် မလဲ ဆိုတဲ့ အဆုံးအဖြတ် ကိစ္စ ဖြစ်ပြီး နောက်ဆက်တွဲ ရုန်းရင်းဆန်ခတ် တွေ ဖြစ်လာ မှာ ကို စိုးရိမ် ရတယ် လို့ အမျိုးသား ဒီမိုကရေစီ ပါတီ ရဲ့ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

ဒါ့ကြောင့် လာမယ့် ရွေးကောက်ပွဲ ကျင်းပ ဖြစ်နိုင်ဖို့ အပေါ် မှာပါ ရိုက်ခတ် လာနိုင် တယ် ဆိုပြီး ဦးခင်မောင်ဆွေ က သူ့ရဲ့ စိုးရိမ်မှု ကို ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိ အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန် က စစ်တပ်ကို ကျောထောက် နောက်ခံ ပြုပြီး အာဏာကို ပိုမို ဆုပ် လာတဲ့ သဘော ဆိုရင် တော့ ကြံ့ခိုင်ရေး ပါတီတွင်း အကွဲအပြဲ ဆိုတာ မျိုးထက် ကျော်လွန် ပြီး မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီ စနစ် ထွန်းကား ဖို့ လုပ်ဆောင် နေတဲ့ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် တွေ အပေါ် မှာ ထိခိုက် လာနိုင်တယ် လို့ ရခိုင် အမျိုးသား ပါတီ အကြီးအကဲ ဦးလှစော က လည်း ပြောပါတယ်။

သူရ ဦးရွှေမန်း ကတော့ သြဂုတ်လ ၁၄ ရက် နေ့မှာတော့ ပြည်သူ့ လွှတ်တော် ရုံးကို ရောက်လာပြီး သူ့ ရုံးလုပ်ငန်းတွေ လုပ်ဆောင် ခဲ့ ပေမယ့် မီဒီယာ တွေ ကို လောလောဆယ် မှာ မတွေ့ နိုင်သေး ပဲ လွှတ်တော် အစည်းအဝေး တွေ ပြန်လည် စတင်မယ့် ဩဂုတ်လ ၁၈ ရက် နေ့ ကျမှ တွေ့မယ် ဆိုပြီး သူ့ရဲ့ ကိုယ်ရေး အရာရှိကနေ တဆင့် ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ