ဇေ​ကမ္ဘာ​ဝင်း​ထဲ မိ​ခဲ့​တဲ့ ဆေးပြား​တွေ​ရဲ့ ပိုင်​ရှင်​ကို ရဲ​က ထုတ်​ပြော​ပြီ

ecstasy ဓာတ်ပုံ မူပိုင် DEA
Image caption စိတ်ကြွဆေးပြား နမူနာ ဓာတ်ပုံသာ ဖြစ်ပြီး အခု ဖမ်းမိထားတဲ့ ဆေးပြားတွေပုံ မဟုတ်ပါ။

ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းက မင်္ဂလာဒုံ ဇေကမ္ဘာဝင်း ထဲ မှာ ဖမ်းဆီးမိခဲ့တဲ့ ဒေါ်လာ သန်းရာကျော် တန်ဖိုးရှိတဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား တွေ နဲ့ ဩဂုတ်လဆန်း တုန်းက သာကေတ မှာ မိခဲ့တဲ့ စိတ်ကြွ ဆေးပြား တွေရဲ့ ပိုင်ရှင်ဟာ Kaladan Delta Company Ltd ဖြစ်တယ် ဆိုပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဗဟိုက ထုတ်ဖော်ပြောပါတယ်။

အဲဒီ့ ကုမ္ပဏီ ဟာ ရခိုင်ပြည် မှာ ရေလုပ်ငန်း လုပ်တဲ့ ကုမ္ပဏီ ဖြစ်တယ် လို့ မူးယစ်ဗဟို ရဲမှူးကြီး ဇော်လင်းထွန်း က ပြောပြီး ကွင်းဆက်တွေ ကို ဆက်လက် ဖော်ထုတ် နေဆဲ ဖြစ်တဲ့ အတွက် ဒီဆေးပြား တွေ ဘယ်လို ရန်ကုန် မြို့ကြီး ထိ ရောက်အောင် ဘယ်လိုဝင်ရောက်လာတယ်၊ ဘယ်သူ တွေ နဲ့ အဆက်အစပ် ရှိတယ် စတဲ့ အသေးစိတ် အချက်အလက် တွေ ကို ပြောဖို့ တော့ ငြင်းဆန် ပါတယ်။

ဂိုဏ်းဖွဲ့ လှုပ်ရှား မှု ဖြစ်လို့ ဆေးပြားတွေ မိတဲ့ နောက်ပိုင်း ထိပ်ပိုင်းသူ တွေ ကတော့ ထွက်ပေး ကုန်ကြပြီ လို့တော့ ရဲမှူးကြီး ဇော်လင်းထွန်း က ဆိုပါတယ်။

ရှမ်းပြည်က ထုတ်လုပ်တဲ့ ဆေးပြားတွေ ဖြစ်မယ်လို့ ရဲ က ယူဆ ထားပြီး အလေးချိန် ၂ တန် ခွဲ နီးပါး မိခဲ့တာ ဖြစ်တဲ့ အတွက် မြန်မာ နိုင်ငံ မူးယစ် သမိုင်းမှာ အများဆုံး ဖမ်းမိခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ