လွှတ်တော်ကိုယ်စားလှယ် ရုတ်သိမ်းခြင်းဥပဒေကြမ်း ဆွေးနွေး

  • 16 ဩဂုတ် 2015
myanmar_parliament ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရုတ်သိမ်းရေး ဥပဒေကြမ်း ကို ရွေးကောက်ပွဲ ကော်မရှင် က တင်သွင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည် ရုတ်သိမ်းခြင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ကော်မတီမှာ တနင်္ဂနွေနေ့က စတင်ဆွေးနွေး တယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးတီခွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းခြင်းနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တော့ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ပတ်သက်တဲ့ တိုင်စာကို ရွေးကောက်ပွဲ ကော်မရှင်ထံပေးပို့ရမှာဖြစ်တယ် လို့ပြဌါန်းထားပါတယ်။

ဒီလိုပြဌါန်းထားပေမဲ့ ဥပဒေမရှိတဲ့သေးအတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကြမ်းရေးဆွဲပြီး ဥပဒေ ပြဌာန်းပေးဖို့ လွှတ်တော်ကို လေးကြိမ်တိုင်တိုင် တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဌ တာဝန်ယူထားတဲ့ ဦးရွှေမန်းကို ပါတီဥက္ကဌ ရာထူးကဖယ်ရှားပြီးတဲ့ နောက်တစ်နေ့မှာပဲ ဒီဥပဒေ ကြမ်းကို ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်းပေးနိုင်ဖို့ ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ဩဂုတ် ၁၃ ရက် နေ့စွဲနဲ့ လွှတ်တော်ကို တင်ပြထားကြောင်း အစိုးရသတင်းဌာနတွေ မှာ ဖော်ပြခဲ့ပါတယ်။