အစိုးရသဘောထား ပြည်တွင်းစစ်မီးပွား ချန်ရာရောက်

  • 17 ဩဂုတ် 2015
ssa_sspp_soldiers ဓာတ်ပုံ မူပိုင် no credits
Image caption SSPP/SSA အနေနဲ့ ဘဝတူ လက်နက်ကိုင်တပ် တွေ အားလုံး ပါဝင် နိုင်ရေး အတွက် ချင်းမိုင် ညီလာခံ မှာ ပြောဆို မယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ အညီ လူမျိုးစု လက်နက် ကိုင်တပ် တွေ အားလုံး ပါဝင် လက်မှတ် ထိုးသင့်တယ် ဆိုပြီး သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA က ပြောလိုက် ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ် ၂၁ ဖွဲ့ ထဲက ၁၅ ဖွဲ့ကို ပဲ ပါဝင်ခွင့် ပြုနိုင်တယ် ဆိုတဲ့ အစိုးရ ရဲ့ အကန့်အသတ် ဟာ ပြည်တွင်းစစ် မီးပွားတွေ ကို ချန်ထားရာ ရောက် တယ် လို့ SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှု စဝ်ခွန်စိုင်း က ဘီဘီစီ ကို ပြောပါတယ်။

NCA မှာ ဘယ်အဖွဲ့တွေ ပါဝင် လက်မှတ်ထိုး မလဲ ဆိုတဲ့ သဘောထား ကို တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ အတွင်းထဲ မှာ ဆွေး နွေး နေကြ ပြီး ဩဂုတ် ၂၁ ကနေ ၂၃ ရက် ကြား ထိုင်းနိုင်ငံ ချင်းမိုင် မှာ ကျင်းပမယ့် အဖွဲ့စုံညီ ညီလာခံ မှာ ဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

ကရင် အမျိုးသား အစည်းအရုံး KNU ကတော့ ၁၅ ဖွဲ့နဲ့ပဲ NCA ထိုးမယ် ဆိုတဲ့ အစိုးရ ရဲ့ လိုလားချက် ကို လက်ခံမယ် ဆိုပြီး ကြေညာ ထားပါတယ်။

SSPP/SSA အနေနဲ့ ဘဝတူ လက်နက်ကိုင်တပ် တွေ အားလုံး ပါဝင် နိုင်ရေး အတွက် ချင်းမိုင် ညီလာခံ မှာ ပြောဆို မယ် လို့ စဝ်ခွန်စိုင်း က ပြောပါတယ်။

ဒါပေမယ့် ချင်းမိုင် ညီလာခံ ကြရင် အများစု က ကျေကျေလည်လည် လက်ခံ သဘောတူ တဲ့ ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင် သွား မယ် လို့ စဝ်ခွန်စိုင်း က ဆိုပါတယ်။

ချင်းမိုင် ညီလာခံ အလွန် ဩဂုတ်လ ၂၅ ရက် နဲ့ ၂၈ ရက် ကြား ထဲမှာ သမ္မတ ဦးသိန်းစိန် ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ရဲ့ ကိုယ်စားလှယ် တွေ သွားရောက် တွေ့ဆုံ ပြီး NCA အတွက် အပြီးသတ် သဘောတူမှု နဲ့ တကယ် လက်မှတ်ထိုး မယ့် ရက်စွဲ သတ်မှတ် ကြေညာ နိုင်အောင် လုပ်ဆောင် ကြဖို့ ရှိတယ် လို့ စဝ်ခွန်စိုင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ