သူရဦးရွှေမန်းရဲ့ နိုင်ငံရေး အနာဂတ်

  • 17 ဩဂုတ် 2015
Image caption အခြေခံဥပဒေအရ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာ ကို ဖယ်ရှား မရနိုင်

နေပြည်တော်မှာ တနင်္လာ နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွေ့ဆုံ ပွဲမှာ သမ္မတ ဦးသိန်းစိန် တက်ရောက် ခဲ့ ပေမယ့်၊ ပါတီ၀င် အဆင့် သာ ရှိတော့တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း မလာရောက် ခဲ့ပါ။

သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီ ပူးတွဲ ဥက္ကဌ ရာထူး ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ကမှ ဖြုတ်ချ ခဲ့ပေမယ့်၊ သူ့ရဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ နေရာ ကို ဖယ်ရှား ဖို့ ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လုပ်လို့ မရကြောင်း နိုင်ငံရေး သုံးသပ် စိတ်ဖြာသူ စားရေး ဆရာ သန်းစိုးနိုင် က ပြောပါတယ်။

ဒါပေမယ့် ဦးသိန်းစိန် တို့ ဘက်ကနေ သူ့ကို ဖြုတ်ချ နိုင်အောင် ဆောင်ရွက် လိမ့်မယ်လို့ ဆရာ သန်းစိုးနိုင် က သုံးသပ် ပါတယ်။

တပ်မတော်က ဦးရွှေမန်းကို သစ္စာဖေါက် တယောက်လို သဘောထား နေပြီး၊ လက်ရှိမှာ တပ်မတော်ရဲ့ အဆုံး အဖြတ်က ပိုပြီး အဓိက ကျတယ်လို့ ဆိုပါ တယ်။

အခုလို ဖြစ်စဉ်တွေ အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ ပုံစံ တမျိုးနဲ့ ပူပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် လိမ့်မယ် လို့လည်း သူက ပြောပါ တယ်။

သူရဦးရွှေမန်းဟာ နိုင်ငံရေး တော့ သေသွားမှာ မဟုတ်ပေမယ့် အာဏာပြန်လည် ရရှိရေး ကတော့ မမျှော့်လင့်နိုင် တော့ဘူး လို့ ဆရာ သန်းစိုးနိုင်က သုံးသပ် သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ