ပြည်သူက မနှစ်မြို့ရင် အာဏာမှာ တွယ်ကပ်မနေဘူးလို့ ဒေါ်စုပြော

  • 21 ဩဂုတ် 2015
dassk ဓာတ်ပုံ မူပိုင် Getty
Image caption အာဏာကို မတွယ်ကပ်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းရုံးရေး ခရီးစဉ်အဖြစ် ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီက သံလျင်မြို့ ကျိုက်ဒေးရုံ ဘုရားကြီးရှေ့ ကွင်းပြင်မှာ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မိမိအနေနဲ့ ပြည်သူကို လွယ်လွယ် ကတိပေးလေ့ မရှိပေမယ့် အခုတော့ ကတိတခု ပေးမှာဖြစ်ကြောင်း၊ အဲဒါက မိမိအနေနဲ့ ပြည်သူက မနှစ်မြို့ရင် အာဏာမှာ တွယ်ကပ် မနေပါဘူး ဆိုတာ ကတိပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနောက် ပြည်သူများရဲ့ အမေးကို ဖြေကြားရာမှာ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို မိမိအနေနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှိမယ် ဆိုရင် ဘယ်သူနဲ့ မဆို ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။