ရှမ်း​ပြည်​တပ်​မတော် တောင်​ပိုင်း နဲ့ အစိုးရ​တပ်​ကြား တိုက်​ပွဲ​ဖြစ်

  • 25 ဩဂုတ် 2015
rcss_ssa_shan_
Image caption RCSS/SSA (သျှမ်းပြည်တပ်မတော် တောင်ပိုင်း) နဲ့ အစိုးရ စစ်တပ် အကြား ရင်ဆိုင် ထိတွေ့မှု တွေ ဖြစ်ပွား။

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း မြို့နယ် ထဲမှာ ဩဂုတ်လ ၂၅ ရက်နေ့ က သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA (သျှမ်းပြည်တပ်မတော် တောင်ပိုင်း) နဲ့ အစိုးရ စစ်တပ် အကြား ရင်ဆိုင် ထိတွေ့မှု တွေ ဖြစ်ပွားခဲ့ ပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့ရာ ဆိုင်းခေါ်န် ရွာသား တွေ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး ရွာလူကြီး လူးမ်ဟိန် နန္ဒ နဲ့ ရွာသား ၇ ဦး ကို စစ်တပ် က ဖမ်းသွားတယ် လို့ ကွန်ဟိန်း မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်နန်းဝါနု က ဘီဘီစီ ကို ပြောပါတယ်။

ဘာ အကြောင်း နဲ့ ဘယ်ကို ခေါ်သွားတယ် ဆိုတဲ့ အကြောင်း အခုထက်ထိ မသိရ သေးဘူး လိုလည်း ဒေါ်နန်းဝါနု က ဆိုပါတယ်။

အဲဒီ့ ဒေသ ကို နယ်မြေစိုးမိုးရေး အတွက် လို့ ဆိုပြီး အစိုးရ တပ်ရင်း ၃ ရင်း ဝင်သွား ခဲ့တယ် လို့ ကြားသိရ ကြောင်းလည်း ဒေါ်နန်းဝါနု က ပြောပါတယ်။

၁၉၉၇ ခုနှစ် တုန်းက အဲဒီ့ ဒေသ မှာ အစိုးရ တပ်က ဖြတ် ၄ ဖြတ် ပိတ်ဆို့ ပြီး ဒေသခံ တွေ အပေါ် ပစ်မှတ် ထား ဖမ်းဆီး မှု တွေ ပြုလုပ် ခဲ့ ဖူးပြီး ၂၀၁၀ မှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ က ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နောက်ပိုင်း အခုလို ဖမ်းဆီး ခေါ်ဆောင် သွားမှု တွေ မတွေ့ ရတော့တာ နှစ် အတန် ကြာပြီ လို့ ဒေါ်နန်းဝါနု က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ