ညောင်​ဦး​နယ်​ထဲ ဆင်​ရိုင်း​အုပ် မ​ဖမ်းမိ​သေး

  • 25 ဩဂုတ် 2015
wild_elephants_
Image caption ဘူးကင်း တောင် မှာ ဆင်တွေ ခို အောင်း နေ ကြတယ်။

ကျောက်ပန်းတောင်း နဲ့ ညောင်ဦး မြို့ နယ် ထဲ ကို ဆင်ရိုင်း ၆ ကောင် ဝင်လာ ခဲ့လို့ ဒေသခံ ၄ ဦး အနင်း ခံခဲ့ ရပြီး လူ သေဆုံး ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

အခုဆိုရင် ကျောက်ပန်းတောင်း နဲ့ ၁၀ မိုင်ကျော် ညောင်ဦးနယ် စပ် က ဘူးကင်း တောင် မှာ ဆင်တွေ ခို အောင်း နေ ကြတယ် လို့ ကျောက်ပန်းတောင်း ရွှေနဒီ ကျောင်းတိုက် ဆရာတော် ဦးယုဇန က ဘီဘီစီ ကို မိန့် ပါတယ်။

အစိုးရ ရဲ့ ဆင်ကျွမ်းကျင် အဖွဲ့ တွေ ရှိနေကြ ပြီ ဖြစ်ပေမယ့် အခု အချိန် ထိ တော့ ဆင်ရိုင်း အုပ်ကို မဖမ်းမိ သေးပါဘူး။

ဆင်ဖမ်း အဖွဲ့ မှာ ဆင်ရိုင်း တွေ ကို ချော့ပြီး ခေါ်ဖို့ ဆင်ယဉ် တွေ ပါလာပြီး မအောင်မြင်ရင် တော့ မေ့ဆေး သေနတ် နဲ့ ပစ်ပြီး ဖမ်းရမယ် လို့ ပြောနေကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းရဲ့ နာယက ဆရာတော်လည်း ဖြစ်တဲ့ ဦးယုဇန က မိန့်ပါတယ်။

ဆင်ရိုင်းအုပ်ရဲ့ တိုက်ခိုက်မှု နဲ့ လူ ၂ ယောက် သေဆုံး ခဲ့ရပြီ လို့ ကြားသိထား ပြီး တစ်ဦး ကို တော့ ဆရာတော် အနေနဲ့ သေချာပေါက် သေဆုံးစာရင်း အတည်ပြု နိုင်ပါတယ်။

အဲဒီ့ ဆင်အုပ်ဟာ နတ်မောက်နယ် ထဲ ကနေ ဝင်လာတာ ဖြစ်ပြီး အစောပိုင်း က ဖြစ်ပေါ် ခဲ့တဲ့ မိုးကြီး ရေလျှံ မှု တွေ ကြောင့် ပဲခူးရိုးမ ကနေ ဆင်းလာ ကြတာ ဖြစ်နိုင်တယ် လို့ လည်း ခန့်မှန်း နေကြပါတယ်။

ကျောက်ပန်းတောင်း နဲ့ ညောင်ဦး နယ် ထဲ ကို အခုလို ဆင်ရိုင်းအုပ် ဝင်လာတာ မကြုံခဲ့ရဖူး တဲ့ ဒေသခံ တွေ ဟာ အနီးကပ် စူးစမ်း ခဲ့ ကြလို့ ထိခိုက်မှု သေဆုံးမှု တွေ ရှိခဲ့တာ ဖြစ်တယ် လို့ ဆရာတော် ဦးယုဇန က မိန့်ပါတယ်။

ဒါ့ကြောင့် အာဏာပိုင် တွေ အနေနဲ့ လူတွေ ကို ဆင်အုပ်နား မချည်းကပ် ကြဖို့ သတိပေး တားမြစ် နေတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ