ရွေးကောက်ပွဲ ကော်မရှင် မီဒီယာကို ကန့်သတ်

election myanmar ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ ကော်မရှင်က မီဒီယာ တွေနဲ့ ညှိဖို့လို

နိုဝင်ဘာလ ရွေးကောက်ပွဲ မှာ ပြည်တွင်း သတင်း ဌာန တခု ကနေ တမြို့နယ်မှာ ကိုယ်စားလှယ် ၃ ယောက် ထိပဲ လွှတ်ဖို့နဲ့ သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ ရုံး တွေမှာ ခံဝန်ချက် လက်မှတ် ထိုးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီလ ထဲမှာ ထုတ်ပြန် ခဲ့ပါတယ်။

ဒီအတွက် စာနယ်ဇင်း ကောင်စီ က သဘောမတူ လို့ ကော်မရှင်ဆီ စာပို့ ခဲ့ပါတယ်။

ကော်မရှင်နဲ့ စာနယ်ဇင်း ကောင်စီ တို့ တနင်္ဂနွေနေ့ ရန်ကုန် မှာ ဒီကိစ္စ ဆွေးနွေးသွားဖို့ ရှိတယ် လို့ စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အခြေခံ ဥပဒေပါ အခွင့်အရေး တွေကို ဖောက်ဖျက် နေသလို လွတ်လပ်စွာ သတင်း ရပိုင်ခွင့်ကို ထိခိုက်တယ် လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ သတင်း ရပိုင်ခွင့် မထိခိုက် မှ ရွေးကောက်ပွဲ လွတ်လပ်မှု ရှိမှာ ဖြစ်ပြီး ပုဂ္ဂလိက မီဒီယာ တွေဟာ အစိုးရ ထိန်းချုပ်မှု အောက်က မဟုတ်လို့ ဒီလို မထိန်းချုပ် သင့်ဘူး လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။

သတင်းထောက် တွေဟာ မြို့နယ် တခုတည်း ကိုပဲ သွားမှာ မဟုတ်သလို ဒီထုတ်ပြန်ချက်က အလွတ် သတင်းထောက် တွေ အတွက် အကျုံး ဝင် ဖော်ပြ ထားတာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ