နေပြည်တော်မှာ NLD ရဲ့ လူထုပွဲတွေ ပိတ်ပင်ခံရ

  • 29 ဩဂုတ် 2015
aung_san_suu_kyi_ ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ မဲ ဆွယ်တဲ့ ကာလ မတိုင်ခင် မဲဆွယ် စည်းရုံး မှု တွေ မလုပ်ရ ဘူး ဆိုတဲ စည်းမျည်း ဥပဒေ တွေ နဲ့ ငြိစွန်း တဲ့ အတွက် ပိတ်ပင် တာ ဖြစ်တယ် လို့ ခရိုင် အဆင့် အာဏာပိုင် တွေ က အကြောင်းပြ ချက် ပေး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဟာ ဩဂုတ်လ ၃၀ ရက် နေ့ နေပြည်တော် ၃ မြို့နယ် မှာ ဟောပြောပွဲ တွေ လုပ်ဖို့ စီစဉ် ထား ပေမယ့် အာဏာပိုင် တွေ က ပိတ်ပင် လိုက်ပါတယ်။

ရွေးကောက်ပွဲ မဲ ဆွယ်ဖို့ သတ်မှတ်ကာလ မတိုင်ခင် မဲဆွယ် စည်းရုံး မှု တွေ မလုပ်ရ ဘူး ဆိုတဲ စည်းမျည်း ဥပဒေ တွေ နဲ့ ငြိစွန်း တဲ့ အတွက် ပိတ်ပင် တာ ဖြစ်တယ် လို့ ခရိုင် အဆင့် အာဏာပိုင် တွေ က အကြောင်းပြ ချက် ပေး ကြောင်း NLD ရဲ့ နေပြည်တော် အမတ် တစ်ဦး ဖြစ်တဲ့ ဦးမင်းသူ က ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပွဲ တွေ အဖြစ် လူထု ပရိသတ် ကို ဟောပြောဖို့ စီစဉ် ထားတာ ဖြစ်တယ် လို့ ဦးမင်းသူက ဆိုပါတယ်။

အခုလို ပိတ်ပင်ခံရတဲ့ နောက် ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ စတာတွေ နဲ့ အညီ ပါတီ ရုံးခန်း တွေထဲ မှာပဲ ပွဲတွေ ကို ဖြစ်မြောက်အောင် လုပ်ဆောင် ဖို့ အာဏာပိုင် အုပ်ချုပ်ရေးမှုး တွေ နဲ့ ညှိနှိုင်းပြီးပြီ ဖြစ်တယ် လို့ ဦးမင်းသူ က ဆိုပါတယ်။

ပြောင်းလဲဖို့ အချိန်တန်ပြီ ကြွေးကြော်သံ ပိုစတာတွေ နဲ့ အတူ ပန်းရဲ့လမ်း ဂီတ အဖွဲ့နဲ့ မြို့ပေါ်မှာ လှည့်လည် ဖို့ မူလ အစီအစဉ် ဟာလည်း ဘယ် ကိုယ်စားလှယ်လောင်း ကို မဲ ပေးပါ ဆိုတဲ့ ပုဂ္ဂိုလ်ရေး မဲဆွယ်ဖို့ မဟုတ် ကြောင်း ဦးမင်းသူ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ