ရန်ကုန် စတော့ အိပ်ချိန်း မိတ်ဆက်

  • 29 ဩဂုတ် 2015
stock yangon
Image caption စတော့ အိပ်ချိန်း ပညာပေး ဟောပြောမှုတွေလုပ်

ဒီကနေ့ ရန်ကုန်မှာ စတော့ အိပ်ချိန်း မိတ်ဆက်ပွဲ ကျင်းပ ခဲ့ပါတယ်။

အစက အောက်တိုဘာမှာ စတော့ အိပ်ချိန်း ဖွင့်ဖို့ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲက နိုဝင်ဘာလ လုပ်ဖို့ ရှိလို့ ဒီဇင်ဘာ လ ပထမပတ် လောက် ကျမှ ပြောင်းရွှေ့ ဖွင့်လှစ် တော့မှာမို့ မိတ်ဆက်ပွဲ အရင် ကျင်းပရတာလို့ စတော့ အိပ်ချိန်း ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌနဲ့ ဘဏ္ဍာ ရေး နှင့် အခွန် ဝန်ကြီး ဌာန ဒုတိယ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က ပြောပါတယ်။

ရန်ကုန် စတော့ အိပ်ချိန်းကို အရင် ကုန်သည်လမ်းက ဗဟိုဘဏ် အဆောက်အအုံမှာ ဖွင့်လှစ်မှာပါ။

စတော့ အိပ်ချိန်း အတွက် ဥပဒေတွေ ရေးဆွဲတာ၊ ဂျပန်နဲ့ ဖက်စပ် ပြီး မြန်မာက ၅၁ ရာခိုင်နှုန်း ရှယ်ယာနဲ့ အိပ်ချိန်း ကုမ္ပဏီ ဖွဲ့စည်းတာ တွေ လုပ်တဲ့ အပြင် အိပ်ချိန်းမှာ ကုမ္ပဏီတွေ အမည် စာရင်း တင်သွင်းဖို့ အတွက် သတ်မှတ်ချက်တွေ ထုတ်ပြန် ခဲ့တယ် လို့ ဆိုပါတယ်။

စတော့အိပ်ချိန်း ကို မြန်မာ ကျပ် ၃၁ ဘီလျံ မတည် ထူထောင် ခဲ့တာ ဖြစ်ပါတယ်။

အိပ်ချိန်း အတွက် စာရင်းသွင်း ယှဉ်ပြိုင် ဖို့ ကုမ္ပဏီ တွေကို နောက်လ ထဲ ခေါ် ယူ သွားမှာပါ။

ဘယ် ကဏ္ဍတွေမှာ အဓိက ရင်းနှီး မြှုပ်နှံမှုတွေ လုပ်သွားမယ် ဆိုတာ တော့ မဆုံးဖြတ် ရသေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ